အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အဌမအကြိမ် အစည်းအဝေး ပထမနေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း မိန့်ခွန်းထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ နိုင်ငံတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ နိုင်ငံအတွက်‌ရော၊ လက်ရှိ နွေဦးတော်လှန်ရေးအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက စစ်တပ်က ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးတဲ့ မိခင်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ စာထုတ်လာပေမယ့် လက်ရှိအချိန်ထိ တစုံတရာ သက်သေပြလာခြင်း မရှိသေးပါဘူး။

ယာယီသမ္မတ ဒူဝါလရှီးလက “ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့အနေနဲ့ နိုင်ငံတကာကို ဆက်လက် အကူအညီတွေ တောင်းဆိုသွားကြဖို့ တိုက်တွန်းချင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒီကိစ္စကို အမြဲတမ်း တိုက်တွန်းပြောဆို နှိုးဆော်တာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ထားမှုကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်းကရော နိုင်ငံတကာကပါ ပုံစံမျိုးစုံနဲ့ တိုက်တွန်းစေ့ဆော်တာတွေကို လုပ်ဆောင်ကြဖို့ လေးနက်စွာ တိုက်တွန်းပြောကြားလိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦးတွင် စစ်ကြောင်းထိုး၊ ပစ္စည်းခိုးသည့် စစ်သားများ ကြားဖြတ်တိုက်ခံရ၊ ဒုစစ်ကြောင်းမှူးအပါ ၁၀ ဦး ထက်မနည်းသေပြီး ပြည်သူ ၃ ဦးလည်း ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေဆီ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူဖမ်း၊ ပစ္စည်းခိုးတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဒုစစ်ကြောင်းမှူးအပါ စစ်ကောင်စီဘက်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Black Eagle PDF- Bagan တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇီးသီးက မောင်းကိုပြောပါတယ်။
Read More

ရွေးကောက်ပွဲအတုတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို CDF-Hakha ပြည်သူပိုင်သိမ်း

အကြမ်းဖက်စစ်တပ် ကျင်းပဖို့ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်  ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေရဲ့ ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း CDF-Hakha Central Council က ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမှုကို သံဃာတွေ မပူးပေါင်းကြဖို့နဲ့ ကန့်ကွက်ကြဖို့ သံဃသမဂ္ဂ (မန္တလေး) ဆရာတော်တွေ တိုက်တွန်း

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့ သန်းခေါင်စာရင်း ကောက်ယူနေမှုမှာ သံဃာတော်တွေအနေနဲ့ မပူးပေါင်းကြဖို့ မန္တလေးမြို့ သံဃသမဂ္ဂ ဆရာတော်တွေက တိုက်တွန်းလိုက်ပါတယ်။
Read More

၈ ထပ် ရေတံခွန်တွင် ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသူ၏ ရုပ်အလောင်း ပြန်လည်ရရှိ

“ကျနော်တို့ ဒီကနေ့ မနက်အစောပိုင်းကတည်းက ရှာဖွေမှုတွေ စခဲ့တာပါ။ နေ့လယ် ၁၁ ခွဲဝန်းကျင်လောက်မှာ အလောင်းကို ရှာတွေ့ခဲ့တာ… ၈ထပ်ရေတံခွန်ရဲ့ အောက်မှာလေ.. ၃ထပ်ရေတံခွန်ဆိုပြီး ရှိပါတယ်။ အဲ့ဒီနေရာမှာ တွေ့တာပါ။ အမျိုးသမီး ၁ဦးရဲ့ အလောင်းကိုတော့ ဆက်လက်ရှာဖွေနေပါတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူတယောက်က မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းတက္ကသိုလ်ဝန်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ တပ်ကူလာတဲ့စစ်သားတွေ တိုက်ခိုက်ခံရပြီး အယောက်၂၀ နီးပါး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တက္ကသိုလ်ဝန်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ဂိတ်နဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားအယောက် ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SAGAING PDF ထံက သိရပါတယ်။
Read More

ဟန်ပြအပစ်ခတ်ရပ်ထားသည့် စစ်ကောင်စီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO က ဒီနေ့ ထုတ်ပြန်ပါတယ်။