မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးစစ်ကြောင်းတစ်ဖွဲ့လုံး ချေမှုန်းခံခဲ့ရပြီး လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန်လည်ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ OneMore စစ်ကြောင်း-Mgn District က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က မိတ္ထီလာတပ်မ ၉၉ ကနေ အင်အား ၂၃၀ ခန့်နဲ့ မလှိုင်မြို့နယ် အနောက်ခြမ်းကျေး ရွာကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ဒီဇင်ဘာ ၂ ရက်မှာ တောင်သာမြို့နယ် တောင်ခြမ်းတစ်နေရာကို ၃ ဖွဲ့ခွဲပြီး ချီတက်လာစဉ် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ရှေ့ပြေးစစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံခဲ့ရပြီး ထပ်မံတက်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန် လည်ပစ်ခတ် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးကာ လက်နက်ကြီး၊ စနိုက်ဘာတွေနဲ့ အပြင်းအထန် ပစ်ခတ်လာပြီး တော်လှန်ရေးရဲဘော်တွေ ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို OneMore စစ်ကြောင်းနဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Taungtha People Defense Force(TTA) ၊ DSNDA (ဓနုပြည်အမျိုးသားကာကွယ်ရေးတပ်မတော်)၊ PPGF (ပုပ္ပါး)နဲ့ ဝဲလောင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး OneMore စစ်ကြောင်းက ရဲဘော် ၂ ယောက်နဲ့ TTA- PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – OneMore စစ်ကြောင်း-Mgn District

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းစစ်ဌာန နည်းဗျူဟာ (၂၉) အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီတိုင်းစစ်ဌာန နည်းဗျူဟာ (၂၉) အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံရအပြီး လုပ်သားထောင်ချီ နေရပ်ပြန် (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံလာရခြင်းနဲ့အတူ ထောင်ချီတဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ နေရပ်ပြန်လျက်ရှိပါတယ်။
Read More

ကျောက်မဲတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ကွပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပျူစခန်းကို  တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းကို ရှမ်းတောင်ဗျူဟာ ၂ ပူးပေါင်းစစ်ကြောင်းက ပစ်ချဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ဆုံးပါးခဲ့ရတဲ့ NLD ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး အိုးဘိုထောင်အတွင်း မတရားအကျဉ်းကျခံရကာ ကင်ဆာရောဂါကို လုံလောက်တဲ့ ဆေးကုသမှုမရဘဲ ဆုံးပါးခဲ့ရတဲ့  NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ ဒုဥက္ကဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်နည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF ကထုတ်ပြန်ထားပါတယ်။