မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးစစ်ကြောင်းတစ်ဖွဲ့လုံး ချေမှုန်းခံခဲ့ရပြီး လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန်လည်ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ OneMore စစ်ကြောင်း-Mgn District က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က မိတ္ထီလာတပ်မ ၉၉ ကနေ အင်အား ၂၃၀ ခန့်နဲ့ မလှိုင်မြို့နယ် အနောက်ခြမ်းကျေး ရွာကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ဒီဇင်ဘာ ၂ ရက်မှာ တောင်သာမြို့နယ် တောင်ခြမ်းတစ်နေရာကို ၃ ဖွဲ့ခွဲပြီး ချီတက်လာစဉ် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ရှေ့ပြေးစစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံခဲ့ရပြီး ထပ်မံတက်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန် လည်ပစ်ခတ် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးကာ လက်နက်ကြီး၊ စနိုက်ဘာတွေနဲ့ အပြင်းအထန် ပစ်ခတ်လာပြီး တော်လှန်ရေးရဲဘော်တွေ ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို OneMore စစ်ကြောင်းနဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Taungtha People Defense Force(TTA) ၊ DSNDA (ဓနုပြည်အမျိုးသားကာကွယ်ရေးတပ်မတော်)၊ PPGF (ပုပ္ပါး)နဲ့ ဝဲလောင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး OneMore စစ်ကြောင်းက ရဲဘော် ၂ ယောက်နဲ့ TTA- PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – OneMore စစ်ကြောင်း-Mgn District

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံဖြိုချရာ လမ်းမပေါ် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ(၁၈) တပ်သား- နိုင်ဇင်လတ်၏ ပြောကြားချက် (ရုပ်/သံ)

''တပ်မတော်ကို စိတ်နာတယ်။ အရာရှိတွေ ပိုပြီးတော့တောင် အသက်ရှင်ချင်သေးတယ်။ ရဲဘော်တွေက ဘာမှမသိဘူး။ သူတို့က ဇွန်းနဲ့ စားဖို့ပဲသိတာ။ ဇွန်းနဲ့ စားရလို့ တပ်မတော်မှာ ထမ်းဆောင်နေတာ။ လက်နဲ့ စားခိုင်းကြည့် ပါလား ဒီကောင်တွေ တပ်မတော်မှာ ထမ်းဆောင်မှာမဟုတ်ဘူး”
Read More

တိုက်ပွဲ ၃ လကျော် ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်းအခြေအနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁၂ ရက်နေ့က အထက ၂၊ ရုံးကြီးတစ်ဝိုက်နဲ့ စကစ ၂၁ အတွင်းပိုင်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့တယ်လို့ Banmaw Scout Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်ကိုင်းဗဟိုပြုလှုပ်ခဲ့သည့် ငလျင်ကို မန္တလေးငလျင်ကြီးဟု စစ်ကောင်စီ အမည်ပေး (ရုပ်/သံ)

၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကို မန္တလေးငလျင်ကြီးလို့ အမည်သတ်မှတ်ပြီး သတင်းရေးသားရာမှာ သုံးစွဲကြဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပါတယ်။
Read More

ပျဉ်းမနားတွင် ရွှေဆိုင်ကို သေနတ်အတုဖြင့် ဓားပြတိုက်သူ ၂ ဦးကို ပြည်သူများ ဖမ်းမိ (ရုပ်/သံ)

နေပြည်‌တော်နယ်မြေ ပျဉ်းမနားမြို့မှာ ရောင်နီဦးရွှေဆိုင်ကို သေနတ်အတုနဲ့ ဓားပြတိုက်သူ ၃ ယောက်ကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရာ ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်က ဇီးဖြူကုန်းပျူစခန်းအတွက် လေကြောင်းကနေ ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က  Y8 လေယာဥ်နဲ့  ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ ကြားဖြတ်သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။