စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မြင်းမူမြို့နယ် ဂွေးပင်တောရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုတပ်သားတွေကို Fixed Wings Drone တွေနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားတွေ စုဝေးနေတဲ့ ဂိတ်ဘန်ကာအနီး တစ်လုံး၊ စားဖိုဆောင်နား တစ်လုံး၊ စစ်အုပ်စုရဲ့ ယာဉ်အနီး တစ်လုံးနဲ့ ၆၀ မမ လက်နက်ကြီး အထိုင်ချထားတဲ့နေရာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပ.က.ဖ၊ မြင်းမူမြို့နယ် ပ.လ.ဖ၊ အလက္ကပ္ပတိုက်နယ် ပ.က.ဖ၊ Myaung Drone Force MDF (ကျားခင်စိန်)နဲ့ Justice Warrior တပ်ဖွဲ့၊ အမုန်းဗျင်းမဲ့ Drone Teams တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

ပင်လယ်နက်တွင် ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရုရှား ရေငုပ်သင်္ဘောကို ရေအောက်အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ထုတ်ပြန် (ရုပ်/သံ)

ပင်လယ်နက်ရှိ Novorossiysk ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ရုရှားရဲ့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရေငုပ်သင်္ဘော ၁ စီးကို ရေအောက်အသေခံဒရုန်း အသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေး (SBU) မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

စေတုတ္တရာမြို့နယ်အတွင်း ပျူစခန်းကို ဗုံးကြဲပြီး စစ်ကူလာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စု အယောက် ၂၀ သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ကူတော်ရွာရှိ ပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စေတုတ္တရာမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှ ဗျူဟာမှူး ကိုနွယ်နီ၏ သတိပေးပြောကြားချက် (ရုပ်/သံ)

''ခင်ဗျားတို့ စစ်ကောင်စီတပ်ကို လုံးဝ ပျက်သုန်းသွားတဲ့အထိ ကျနော်တို့ ​ချေမှုန်းမယ်။ သုတ်သင်မယ်။ ပြီးတော့ ခင်ဗျားတို့ စစ်ကောင်စီတပ်ကို တစ်ယောက်ချင်းစီ စစ်ခုံရုံးကို ဂုတ်စွဲပြီး ခေါ်တဲ့အဆင့်ထိရောက်အောင် ကျနော်တို့ ကြိုးစားသွားမယ်လို့ အသိပေးသတိပေးချင်တယ်"
Read More

အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် မြို့ခံပြည်သူများ တောင်းဆို (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့မှာ အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့ အောက်တိုဘာ ၂၆ ရက်မှာ မြို့ခံပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။