စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မြင်းမူမြို့နယ် ဂွေးပင်တောရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုတပ်သားတွေကို Fixed Wings Drone တွေနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားတွေ စုဝေးနေတဲ့ ဂိတ်ဘန်ကာအနီး တစ်လုံး၊ စားဖိုဆောင်နား တစ်လုံး၊ စစ်အုပ်စုရဲ့ ယာဉ်အနီး တစ်လုံးနဲ့ ၆၀ မမ လက်နက်ကြီး အထိုင်ချထားတဲ့နေရာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပ.က.ဖ၊ မြင်းမူမြို့နယ် ပ.လ.ဖ၊ အလက္ကပ္ပတိုက်နယ် ပ.က.ဖ၊ Myaung Drone Force MDF (ကျားခင်စိန်)နဲ့ Justice Warrior တပ်ဖွဲ့၊ အမုန်းဗျင်းမဲ့ Drone Teams တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် “No Vote” လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်က လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ "No Vote" လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်တွင် ထိုင်းစစ်သား ၁ ဦး အနီးကပ်ပစ်ခတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်သားကို ဆိုင်ကယ် စီးနင်းလာတဲ့ သူက သေနတ်နဲ့ အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ရေပူရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များအား တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာအနီး ဖေဖော်ဝါရီ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြား တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးစနိုက်ဘာရဲဘော်ရဲ့ မှတ်တမ်းပုံရိပ်တွေ PDF-Zoland ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ PDF-Zoland (Sniper Team) ရဲ့ အမျိုးသမီးရဲဘော် ၁ ယောက် တိုက်ပွဲဝင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို PDF-Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ကော်မရှင်ကား ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ပြောက် ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။