ဒီနေ့ကနေ လာမယ်နှစ် ဇန်နဝါရီ ၅ရက်နေ့အတွင်း အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်ပြီး လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာ၊ နေထိုင်သွားလာတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာကို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

“ရန်သူကလည်း သူ့အလုပ်သူ လုပ်နေသည်။ မိမိတို့သည်လည်း သတိကြီးစွာ နေထိုင်သွားလာရမည်။ မိမိအလုပ် မိမိတို့ လုပ်ကြရမည်။ (မူဆို မီးရှို့သတ်ဖြတ်မှုကြီး) ကဲ့သို့ မဖြစ်စေရန်အတွက် သတိပေးပါသည်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်သူစစ်တပ်ဟာ တော်လှန်ရေးတပ်သားတွေရဲ့ အားနည်းချက်ကို ရယူကာ ၁၉၈၅ ခုနှစ်ကနေ ဒီနေ့အထိ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအချိန်မှာ သတ်ဖြတ်တာ၊ ရာဇဝတ်မှုနဲ့ ယုတ်မာမှု ကျူးလွန်တာတွေကို တွေ့ကြုံခံစားနေရတယ်လို့ ဆိုပါတယ်။

“ကရင်နီပြည်သူလူထုက ဒီတခါနဲ့ဆိုရင် မိအေး လေးခါနာသွားပြီ။ အဆုံးစွန်ရောက်သွားပြီ။ ဆင်လိုက်ရှာတယ်။ အကောင်တွေ့ပြီပဲ၊ ဆင်ကောင်မမြင် မတွေ့ချင်ယောင်ဆောင်ပြီး ဆင်ခြေရာလိုက်ရှာကြဦးမလား”လို့ ဆိုထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးသက်တမ်း နှစ် ၅၀ကျော်အတွင်း နိုင်ငံရေးလိမ်လည်မှုတွေ ကြုံတွေ့ခဲ့ရပြီး ၁၉၇၄၊ ၁၉၉၀နဲ့ ၂၀၁၀ တွေမှာ အာဏာရှင်အဆက်ဆက်က လိမ်လည်မှု လုပ်ခဲ့သလို လာမယ့် ၂၀၂၅ ဒီဇင်ဘာ ၂၈  ရက်နေ့မှာလည်း နိုင်ငံရေးလိမ်လည်မှုတွေ ဆက်ဖြစ်လာဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းက ခရစ္စမတ်အကြိုကာလမှာ အကြမ်းဖက်စစ်တပ်က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာကိုအနီး စစ်ကြောင်းထိုးလာပြီး ဒေသခံ အယောက် ၄၀ ခန့်ကို မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်…

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်အနာဂတ် တည်ဆောက်သည့်စိတ် နှလုံးသွင်းပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးများကို ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ အင်မတန် ကောင်းမွန်ပေမယ့် အခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင် ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ကင်းစခန်းတိုက်ခိုက်ခံရ၊ ၁ ဦး သေပြီး ၃ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ ကင်းစခန်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပေါက် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်နှင့် ဇနီးသည်ဒုတပ်ကြပ်တို့ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်​ပြောင်းခိုလှုံ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရဲစခန်းမှာတာဝန်ကျနေတဲ့ လုပ်သက် ၇နှစ်ရှိ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူ ဒုတပ်ကြပ်တို့ ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ဆီဘက်ပြောင်းခိုလှုံလာတယ်လို့ ထောက်ပို့တာဝန်ခံ မရွှေဂျူးက မောင်းကို ပြောပါတယ်။
Read More

CDF – Asho အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲ အခမ်းအနား…

ချင်းကာကွယ်ရေးတပ်-အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်က CDF - Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။