စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြားရှိ စက်တဲကွင်းမှာ အထိုင်ချ တပ်စွဲပြီး ပြည်သူတွေဆီက လစဥ် ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေက အင်အား ၂၀ ဝန်းကျင်နဲ့ အနီးနားကျေးရွာတွေကို ဆက်ကြေးကောက်ဖို့နဲ ရိက္ခာရှာဖို့ ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ တပ်စွဲထားတာ ၁နှစ်ကျော်လောက်ရှိပြီ။ ထိတွေ့မှုဖြစ်တဲ့နေရာက နမခနဲ့ ဆိုရင်တော့ ၂မိုင်ခန့် အဝေးပေါ့နော်။ ၅၀၈ အမြောက်တပ်နဲ့ဆို ၁မိုင်ခန့် အဝေးမှာ။ ထိတွေ့မှုက ၁နာရီခွဲလောက် ကြာတယ်။ သေဆုံးသွားတဲ့သူတွေကို အဲဒီနေ့ ညနေမှာပဲ တခါတည်း သင်္ဂြိုဟ်လိုက်တယ်။ ဒဏ်ရာရ ၅ ယောက်ကတော့ နောက်နေ့မနက်မှာပဲ စက်တဲကနေပြီးတော့ အနီးရွာက ထော်လာဂျီကိုခေါ်ပြီးတော့ ဆေးရုံပို့တယ်” လို့ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ရဲ့ တပ်ခွဲမှူး ကိုပိန်က မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း နမခ နဲ့ အမတ (၅၀၈) အမြောက်တပ်ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ကူပေးခဲ့သလို စစ်တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျည်လုံလောက်မှုမရှိတာကြောင့် အပြီးသတ် သုတ်သင်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ခိုးသန်းရွာနဲ့ တောင်ပလူရွာက ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီမနက်မှာ အဆိုပါ ကျေးရွာတွေထဲကို စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Budalin Mobile Team (BMT) ၊ မုံရွာခရိုင်တပ်ရင်း ၂  ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပြောက်ကျား တပ်စိပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ခန္တီးတွင် ချင်းတွင်းမြစ်ကြောင်းရှိ စက်လှေလိုင်းများကို စစ်အုပ်စု ပိတ်ဆို့ထားမှုကြောင့် ဒေသခံများ အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေလိုင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲနေကြကြောင်း ခန္တီးမြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ခလရ ၂၉၉ တပ်ရင်းက တပ်သား၂ ဦးနှင့် စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ်ဦး အလင်းဝင်ရောက်

မွန်ပြည်နယ်၊ရေးမြို့နယ် ကိုးမိုင်ကျေးရွာ အခြေစိုက် အကြမ်ဖက်စစ်တပ်  ခလရ၂၉၉ တပ်ရင်းက တပ်သားနှစ် ယောက် နဲ့ စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ် ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီက သိရပါတယ်။
Read More

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ အမေရိကန်အနေနဲ့ အားကောင်းအသက်ဝင်ဖို့ လိုအပ်နေသေးဟုဆို

စစ်ကောင်စီထံ လေယာဉ်ဆီတွေ မရောက်ရှိဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့ ဖြတ်တောက်မှုတွေကို ပိုမိုပြီး အားကောင်း အသက်ဝင်ဖို့ လိုအပ်နေသေးကြောင်း The Sentry နှင့် Justice For Myanmar အဖွဲ့တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ကျောက် ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားမှ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန်ထောင်က အကျဉ်းသား ၅၀၀ ခန့်ကို ထောင်ပြောင်းရွှေ့ခံရ

ရန်ကုန်၊ အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်ကို ထောင်ပြောင်းရွှေ့မှု လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။