အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်လယ်ပိုင်းကာလတွေမှာ အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ စစ်အင်အားချိ့နဲ့မှုကို ကုစားဖို့ နိုင်ငံတဝှမ်း နည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းအင်အားတွေကို ဖြည့်တင်းခဲ့ပြီး ရရှိလာတဲ့ ပစ (စစ်မှုထမ်း) အင်အားတွေကို သုံးကာ သူတို့အရေးနိမ့်နေတဲ့ ရှမ်းမြောက်အပါအဝင် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီနဲ့ စစ်ကိုင်းစစ်မျက်နှာတွေမှာ အင်အားဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုအနေနဲ့ ရက်တိုသင်တန်းတွေပေးပြီး စေလွှတ်ထားတဲ့ ပြည်သူ့စစ် ခေါ် စစ်မှုထမ်းအင်အားတွေကို ရှေ့တန်းစစ်မြေပြင်အတွင်း တော်လှန်ရေးတပ်တွေနဲ့ တိုက်ခိုက်ရာမှာ လူသားဒိုင်းပုံစံ အသုံးချခဲ့ပြီး ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်တဲ့ ချွေစစ်ပုံစံမျိုးတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၅ နှစ်ကုန်ပိုင်းကာလတွေမှာတော့ အဲ့ဒီ စစ်မှုထမ်းအင်အားတွေနဲ့ပဲ စစ်ရေးအရအသာစီးရယူနိုင်တဲ့အထိ စစ်အုပ်စုက အမြတ်ထုတ်နိုင်ခဲ့ပြီး ခုခံစစ်ကနေ ထိုးစစ်၊ နယ်မြေရှင်းလင်းရေးတွေအထိပါ အင်ပြည့်အားပြည့် လုပ်ဆောင်လာနေပြီဖြစ်တယ်လို့ ကိုနောင်ရိုးက ပြောပါတယ်။

“ပစတွေကို ခြေလျင်တိုက်ခိုက်ရေးကို ပို့ပြီး ရှေ့တန်းမှာအသုံးချတယ်။ ၂၀၂၄နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ်အထိတော့ ပစတွေကို ရှေ့တန်းမှာ လူသားဒိုင်း လူသားလှိုင်းပုံစံနဲ့ အသုံးပြုခံရတယ်။ ပြည်သူကို ပြည်သူနဲ့ပြန်တိုက်တဲ့ ချွေစစ်ပုံစံမျိုးမှာ အသုံးချခံခဲ့ကြရတယ်။ အခုကျ တန်ပြန်ထိုးစစ်တွေအပြင် ရွေးကောက်ပွဲကာလ နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးတွေမှာ အင်ပြည့်အားပြည့်နဲ့ အသုံးချခံလာရတယ် ” လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက မောင်းကိုပြောပါတယ်။

“အရင်ကဆို မြေပြန့်ဒေသစစ်ကြောင်းဆို အင်အား ၁၀၀ ဝန်းကျင်လောက်ပဲရှိရာက အခုဆို အင်အား ၂၅၀၊ ၃၀၀ လောက်အထိ သုံးပြီး စစ်ကြောင်းတွေ ထိုးလာတယ်ပေါ့။ ဒီလိုစစ်ကြောင်းတွေမှာ ပစတွေက ၇၅ရာခိုင်နူန်းကနေ ၈၀ အထိ ပါလာပါတယ်။ ခုခံစစ်ကနေ အခုဆို ထိုးစစ်တွေပါလုပ်နိုင်တဲ့အထိ စစ်မှုထမ်း ပစတွေရဲ့အားက သူတို့အတွက် အမြတ်ထွက်ခဲ့တယ်။ တန်ပြန်ထိုးစစ်၊ ခုခံစစ်၊ နယ်မြေထိုးစစ်လို လူအင်အားအသုံးပြုရတဲ့ နေရာတွေမှာ ပစအင်အားတွေကို အသုံးချခဲ့တယ်။ နိုင်ငံအနှံ့ စစ်ဆင်ရေးတွေ၊ ခုခံစစ်ကနေ ထိုးစစ်အထိကိုလည်း ပစတွေကို အသုံးပြုလာတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဥ် ၁၄ ကစလို့ သင်တန်းကာလကို ၁၃ပတ်အထိ ထပ်တိုးမြှင့်လိုက်သလို လက်ရှိလုပ်ဆောင်နေတဲ့ အပတ်စဥ် ၁၇ သင်တန်း မပြီးဆုံးသေးခင် အပတ်စဥ် (၂၀) သင်တန်းကိုပါ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။

“စစ်မှုထမ်းသင်တန်းသားတွေကို သင်တန်းကာလတိုးမြှင့်တာက ဒီလိုပါ။ အခုဆို ရှေ့တန်းမှာ တိုက်ခိုက်ရေးအင်အားအတွက် ပစအင်အားတွေ သူတို့လိုသလောက် ဖြည့်တင်းနိုင်လာတယ်။ ဒီအတွက် ပစအင်အား အပူတပြင်း လိုအပ်ချက်တွေ လျော့ကျလာတော့ သင်တန်းကာလတိုးမြှင့်တာပါ။ ဟန်ချက်ညီလာသလို သင်တန်းကျောင်းနေရာတွေ တိုးဖွင့်ဖို့ရှိနေတော့ သင်တန်းကာလကို တိုးမြှင့်လာတာပါ။” လို့ MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်မှုထမ်းအင်အားတွေကို လိုသလောက် စုဆောင်းရရှိလာမှုနဲ့အတူ တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးအလင်းဝင်တာမျိုးတွေကို ဟန့်တားနိုင်ဖို့ တပ်တွင်းဝါဒဖြန့်တဲ့အနေနဲ့ နှစ်ပြည့်ပြီးသား ကျန်းမာရေးမကောင်းသူတွေနဲ့ အခြေအနေတစ်ခုရှိသူတွေကို ဟန်ပြသင်တန်းဆင်းခိုင်းတာမျိုးတွေလည်း စစ်အုပ်စုက လုပ်ဆောင်နေပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လက်ရှိမှာ နိုင်ငံတဝှမ်း စစ်သင်တန်းကျောင်း (၂၇) ခုအထိ တိုးချဲ့ဖွင့်လှစ်ထားပြီး မူလသင်တန်းကျောင်းတွေအပြင် ခအက၊ တကအ နဲ့ ရလတ (၅၇) တို့မှာပါ အရံသင်တန်းကျောင်းတွေအဖြစ် ထပ်တိုးဖွင့်လှစ် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

PDF နှင့် ပကဖ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို NUG ကာကွယ်ရေးဒုဝန်ကြီးက တပ်ဗိုလ်တပ်မှူးများနှင့် ဆွေးနွေးခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က တပ်ဗိုလ်တပ်မှူးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ စစ်ကောင်စီ ရဲတပ်ကြပ်ကြီးကို PDF က နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး၊ ခဲယမ်းတွေပါ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ယောက်ကို နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

AA အပစ်ရပ်ထားစဉ် ရခိုင်၊ ပဲခူးနှင့် ဧရာ၀တီတိုင်းက AA တပ်ဖွဲ့ဝင်များရှိရာကို စစ်ကောင်စီ နေ့စဉ်တိုက်ခိုက်နေ၊ အပစ်ရပ်မတိုင်မီ ညောင်ကျိုးဗျူဟာစခန်းကို AA သိမ်းပိုက်နိုင်ခဲ့

အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လတာ အပစ်အခတ်ရပ်နားထားစဉ် အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်သတ်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

လူငယ်များနှင့် မိသားစုများကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး စစ်မှုထမ်းခိုင်းခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်း NUG ပြော

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး လူငယ်တွေနဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက် အကြပ်ကိုင် စစ်မှုထမ်းခိုင်းတာဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ "အဓမ္မစစ်မှုထမ်းစေခြင်း - မြန်မာနိုင်ငံရှိ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ခလရ ၂၉၉ တပ်ရင်းက တပ်သား၂ ဦးနှင့် စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ်ဦး အလင်းဝင်ရောက်

မွန်ပြည်နယ်၊ရေးမြို့နယ် ကိုးမိုင်ကျေးရွာ အခြေစိုက် အကြမ်ဖက်စစ်တပ်  ခလရ၂၉၉ တပ်ရင်းက တပ်သားနှစ် ယောက် နဲ့ စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ် ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီက သိရပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။