အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနေ့ နေ့လယ် ၃ နာရီခွဲလောက်မှာ ရွှေဘို-မြစ်ကြီးနားအထိ ဖောက်လုပ်ထားတဲ့ ဗျူဟာလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်မတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ယောက် မီးလောင်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်သေဆုံးခဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိရသေးသလို လေကြောင်းပစ်ခတ်မှုကြောင့် ဆီပေပါတွေ သယ်ဆောင်လာတဲ့ ၁၂ ဘီးကား မီးလောင်ပျက်စီးပြီး ဆိုင်ကယ်နဲ့ ဆီဘောက်ဆာကားတွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“အရပ်သားပြည်သူတွေကို စစ်မြေပြင်မှာ တိုက်သလိုမျိုး သဲသဲမဲမဲ ဗုံးသီးတွေချတယ်။ ရော့ကတ်တွေပစ်တယ်။ ဖိုက်တာပေါ်ကနေ စက်သေနတ်တွေ ပစ်တယ်။ တစ်စီး တစ်စီး လာပြီး ၃/၄ ပတ် ပတ်ပြီးတော့ ချသွားတယ်။ ၁၂ ဘီးကားပေါ်မှာ တင်ထားတဲ့ ဆီပေပါတွေဆိုရင် ၂ ထပ်ပေါ့နော်။ ၂ ထပ် ဆီပေပါတွေရော.. ဆီပေပါ ရာချီ မီးလောင်ဆုံးရှုံးသွားတယ်။ မီးလောင်သေဆုံးနေတဲ့ Dead Body ကိုတောင်မှ မိန်းကလေးလား၊ ယောက်ျားလေးလား၊ လူကြီးလား၊ လူလတ်ပိုင်းလားဆိုတာ ခွဲခြားလို့မရတဲ့ အခြေအနေမျိုးတစ်ခုကို ကျနော်တို့ မြင်ခဲ့ရပါတယ်။ လုံးဝကို လောင်ကျွမ်းသွားတာဖြစ်တဲ့အတွက် ခန့်မှန်းရခက်တယ်” လို့ ခင်ဦး ပအဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုပြီးတဲ့နောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါနေရာမှာရှိတဲ့ ကျန်တဲ့ကားတွေကို နေရာပြောင်းရွှေ့တာမျိုး ချက်ချင်းလုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ခင်ဦး-ကန့်ဘလူနယ်စပ်ဖြစ်တဲ့ ကျီကျင်းမှာ ဂိတ်ချထားတာကြောင့် ခင်ဦးဘက်ကနေ ကန့်ဘလူဘက် တက်မယ့်ကားတွေ ပိတ်ဆို့နေတာြဖစ်ကာ ဒေသခံတွေ ဗျူဟာလမ်းပိုင်းတစ်ခုကိုသာ အသုံးပြုနေရတဲ့အတွက် ယာဥ်ကြောပိတ်ဆို့နေချိန် စစ်တပ်က အခုလို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ကန့်ဘလူဘက်မှာ ခွေးတွေက လမ်းကိုပိတ်ချထားတာ ၂ ပတ်လောက် ရှိသွားပါပြီ။ ပိတ်ချထားတဲ့အတွက် ကျနော်တို့ ခင်ဦးဘက်ကနေပြီးတော့ မြောက်ဘက်ကို တက်မရတော့ဘူး။ ကန့်ဘလူဘက်ကို တက်မရဘူး။ ဒါကြောင့်မို့ အခု ဗျူဟာလမ်းကြီးတစ်လျှောက်လုံးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပဲ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က သူတို့ပိတ်ထားတဲ့ ကန့်ဘလူလမ်းပိုင်းကို ဒီနေ့အထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ခင်ဦးမြို့နယ် အရှေ့ခြမ်း စစ်ရှောင်တွေ နေထိုင်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီးမော့ဆိုတွင် စစ်တပ်လက်နက်ကြီး နေအိမ်ပေါ် ကျရောက်မှုကြောင့် အဖေ၊ အမေနှင့် အဘွား သေဆုံးပြီး ကလေးများ ဒဏ်ရာရ ကျန်ရစ်ခဲ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လူကြီး ၃ယောက် သေဆုံးကာ ကလေးတွေကတော့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရကာ နောက်တန်း ခေတ္တပြန်နားတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူး စစ်ဆင်ရေးအပါအဝင် အခြားသော မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး နောက်တန်း ခေတ္တပြန်ကာ ဆေးကုသမှုခံယူကြတဲ့ ဒဏ်ရာရရဲယော်တွေနဲ့ နာမကျန်း ရဲဘော်တချို့ကို ယင်းမာပင် ခရိုင်အတွင်း ကျေးရွာဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
Read More

ဘုတလင် ပကဖက အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သင်တန်းမှာ ပါဝင် လှုပ်ရှားသူက ပြောပါတယ်။