မကွေးတိုင်း၊ မကွေးခရိုင်အတွင်းက မြို့သစ်နဲ့ နတ်မောက်မြို့နယ်တို့မှာ ကင်းပုန်းဝပ် စစ်သားတွေနဲ့ ထောက်ပို့ စစ်ကားတန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေက အသီးသီး ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက မကွေးမြို့ဘက်ကနေ နေပြည်တော်ဘက်ဆီ မောင်းနှင်လာတဲ့ စစ်ထောက်ပို့ကား ၆ စီးတန်းကို နေပြည်တော်-မကွေးလမ်း မိုင်တိုင် ၂၂ အနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကားတွေ မကွေး -နေပြည်တော် နယ်ခြားမှတ်တိုင်နားအရောက် အသင့်ပြင်ထားတဲ့ မိုင်းကွင်း၊ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ကား ၂ စီး ထိမှန်ကာ ၁ စီး ပျက်စီးသွားပြီး အကြမ်းဖက်စစ်သား ၂ ယောက်လည်း နေရာတင်သေဆုံးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁ ယောက် ရှိခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“အပြန်အလှန်ပစ်ခတ်မှု မဖြစ်ပါဘူး။ ကျနော်တို့က ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်တာပါပဲ။ သူတို့ဘက်က ကောင်တာ မပြန်နိုင်ခင်ဘဲ ကျနော်တို့ပစ်ခဲ့တာ။ ရဲဘော်တွေ ဘေးကင်းဖို့အတွက်ပါ” လို့ မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလားတူ အဲဒီနေ့ ညနေပိုင်းမှာပဲ နတ်မောက်မြို့တောင်ဘက် မြို့အဝင်ဂိတ်နဲ့ (၃) ဖာလုံခန့်အကွာ၊ နတ်မောက်- စိုင်ကောင်းလမ်းပိုင်းမှာ ကင်ပုန်းဝပ်ပြီးပြန်တဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးအဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုကို ငါးပြေမပြောက်ကျားတပ်ဖွဲ့က သူတို့ရဲ့ “ငါးကလေးများ နတ်မောက်မြေမှာ ကူးခတ်မယ်” ကမ်ပိန်းအကြိုအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြောကြားထားပြီး သူတို့ လိုက်လံတိုက်ခိုက်နေချိန် နတ်မောက်မြို့ထဲကနေ အကြမ်းဖက် စစ်ကူတွေရောက်ရှိလာတဲ့အတွက် အချိန် ၁ နာရီခွဲကြာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိခဲ့ပေမယ့် အကြမ်းဖက်စစ်သား ၅ယောက်ကတော့ ပစ်ခတ်မှုအတွင်း လဲကျသေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

“စခ ၁၇ ကောင်လောက်က ကင်းပုန်းလာဝပ်တယ်လို့ သတင်းရလို့ သွားပစ်တာပါ။ ဒါပေမယ့် အဲ့နေရာကိုရောက်တော့ သူတို့က မရှိတော့ဘူး။ ကျနော်တို့က နောက်ကလိုက်တော့ မှီတယ်။ လက်ဦးမှုရလိုက်တော့ ၅ ကောင်ကျတာကို မျက်မြင်တွေ့ရတယ်။ ထပ်ပြီး လိုက်ဖို့လုပ်တော့ မြို့တွင်းကနေ စစ်ကူလာတာရော ကင်းပုန်းတွေပါ ထပ်ပေါင်းလာပြီး သူတို့စုမိသွားတယ်။ အဲ့မှာ ၁ နာရီကျော်လောက် တိုက်ပွဲက ဆက်ဖြစ်ခဲ့တာပါ။ သူတို့ဘက်က ဆက်ပြီးထိခိုက်တာတွေရှိပေမယ့် အတည်မပြုနိုင်ဘူး။ ကျနော်တို့ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ပါတယ်။”လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ငါးပြေမပြောက်ကျားတပ်ဖွဲ့ အနေနဲ့ လက်ရှိမှာ လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် “ငါးကလေးများ နတ်မောက်မြေမှာ ကူးခတ်မယ်” ကမ်ပိန်းကို လုပ်ဆောင်ဖို့ရှိနေပြီး ပြည်သူတွေ ကူညီပါဝင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မဲဆောက်မြို့တွင် “ဧရာဝတီမ” ဆိုသူ အွန်လိုင်းဆယ်လီတစ်ဦး လုယက်သတ်ဖြတ်ခံရ

လူမှုကွန်ရက်စာမျက်တွေမှာ ဟာသဗီဒီယိုတွေနဲ့ လူသိများတဲ့ LGBT အွန်လိုင်းဆယ်လီတစ်ဦးဖြစ်သူ “ဧရာဝတီမ” (ခ) ကိုတင်ဇော်ထွေးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မကွေးထောင်အာဏာပိုင်များကြောင့် ၁နှစ်အတွင်း နိုင်ကျဥ်း ၆ ဦးသေဆုံးခဲ့ပြီး အယောက် ၄၀နီးပါး ညှင်းပန်းနှိပ်စက်ခံရ

မကွေးတိုင်း၊ မကွေးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၂၀၂၅ ခုနှစ် ၁နှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၆ယောက်သေဆုံးခဲ့ပြီး အယောက် ၄၀ နီးပါး ​ညှင်းပန်းနှိပ်စက်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က နိုဝင်ဘာလ ၁၅ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေအပေါ် ညှင်းပန်းနှိပ်စက်တဲ့နေရာမှာ နာမည်ကြီးတဲ့ မကွေးအကျဥ်းထောင်မှာ ဒီနှစ် (၂၀၂၅) ၁ နှစ်အတွင်း ထောင်အာဏာပိုင်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံရေးအကျဥ်းသား ၅ယောက်သေဆုံးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ခွင့် လုံလုံလောက်လောက် မရရှိခဲ့မှုကြောင့် နိုင်ကျဉ်း ၁ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

လွတ်လပ်မျှတပါတယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်မယ့် ပါတီများ စစ်တပ်ဂုဏ်သိက္ခာ ထိခိုက်အောင် မပြောဖို့ ကန့်သတ်ခံရ

အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောတဲ့နေရာမှာ စစ်တပ် ပြိုကွဲအောင် ဒါမှမဟုတ် စစ်တပ်ရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခြင်း မလုပ်ရဘူးလို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်တားမြစ်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်သား ၅ ယောက် အလင်းဝင်…

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်တပ်သား ၅ ယောက်က နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)က မနေ့ညက ထုတ်ပြန်ထားပါတယ်။
Read More

စစ်အသုံးစရိတ် အလွန်အကျွံသုံးပြီး တိုင်းပြည်ဘဏ္ဍာ အိတ်ကပ်ထဲထည့်နေတဲ့ စစ်ကောင်စီက ကျောင်သုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ် ကျင့်သုံးမယ်လို့ဆို

နိုင်ငံရဲ့ စစ်အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲနေတဲ့အပြင် ရသမျှ ဘဏ္ဍာငွေ ကိုယ့်အိတ်ကပ်ထဲ ထည့်နေတဲ့ စစ်ကောင်စီက လာမယ့် ပညာသင်နှစ်ကစလို့ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့ ကျင့်သုံးသွားမယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။  
Read More

ကရင်နီဒေသ အငတ်ဘေးကြုံအောင် အကြမ်းဖက်စစ်တပ် ရည်ရွည်လုပ်ဆောင်နေ

အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသကို အငတ်ဘေးကြုံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်လိုက်ပါတယ်။