စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ယာဉ်တွေပိတ်ဆို့နေတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ခင်ဦးမြို့နယ်အတွင်း ခရီးသွားယာဉ်တွေနဲ့ ကုန်စည်သယ်ဆောင်ရေးကားတွေ ယာဉ်ကြောပိတ်ဆို့နေချိန် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီး အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ လမ်းပိုင်းမှာရှိတဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ကုန်စည်သယ်ဆောင်ရေးကား၊ ခရီးသွားကား၊ ဆီဘောက်ဆာယာဉ်ကားတွေအပြင် ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ခင်ဦး-ကန့်ဘလူအစပ် ကျီးကျင်မှာ ဂိတ်ချပြီး ခင်ဦးဘက်ကနေ ကန့်ဘလူဘက် တက်လာမယ့်ကားတွေကို တားဆီးပိတ်ဆို့ထားကာ ယာဉ်ကြောပိတ်ဆို့နေချိန် လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော် အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ အမှတ်စဉ် (၅/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က  ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဗိုလ်တထောင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကွန်တိန်နာယာဉ်နှင့် စျေးဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မုံရွာမြို့ပေါ် ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့် ရဲအရာရှိ အပါအဝင် ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်၊ ရဲအရာရှိ ၁ ယောက် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ Gue Gue PSF စစ်ကြောင်းထံက သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး စစ်ကြောင်းပျက်၊ ၁၅ ဦးသေပြီး ၁၂ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ စစ်ကော်မရှင် တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၁၂ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ Off-Take Gas Station တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ လက်နက်ကြီးငယ်များဖြင့် ပိတ်ဆို့တိုက်ခိုက်ခံရ၊ ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် Off-Take Gas Station မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပကဖ၊ တောင်သာမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခင်ညွန့် နေထိုင်ခဲ့ဖူးသည့် ရွှေတောင်ကြားရပ်ကွက် နေအိမ် မီးလောင် (ရုပ်/သံ)

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် အောင်ဇေယျလမ်းရှိ ယခင်ဗိုလ်ချုပ်ကြီး ခင်ညွန့် နေထိုင်ခဲ့ဖူးတဲ့ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။