စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ယာဉ်တွေပိတ်ဆို့နေတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ခင်ဦးမြို့နယ်အတွင်း ခရီးသွားယာဉ်တွေနဲ့ ကုန်စည်သယ်ဆောင်ရေးကားတွေ ယာဉ်ကြောပိတ်ဆို့နေချိန် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီး အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ လမ်းပိုင်းမှာရှိတဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ကုန်စည်သယ်ဆောင်ရေးကား၊ ခရီးသွားကား၊ ဆီဘောက်ဆာယာဉ်ကားတွေအပြင် ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ခင်ဦး-ကန့်ဘလူအစပ် ကျီးကျင်မှာ ဂိတ်ချပြီး ခင်ဦးဘက်ကနေ ကန့်ဘလူဘက် တက်လာမယ့်ကားတွေကို တားဆီးပိတ်ဆို့ထားကာ ယာဉ်ကြောပိတ်ဆို့နေချိန် လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ပဲခူးတိုင်း စိုးမိုးနယ်မြေအတွင်း ရေဘေးသင့်ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေ က နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ရုပ်/သံ)

ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့် ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေက နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဧရာဝတီအမှတ် ၃ တပ်ရင်း - P26002 အဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ စစ်သားတွေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတဲ့အတွက် ပြည်သူ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေက အရပ်သား နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDFကို လွှင့်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF Kanpetlet က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည့် ရဲဘော် ဝေကြီး စျာပန (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရဲဘော် ဝေကြီးရဲ့  နာရေးစျာပနကျင်းပပြုလုပ်ခဲ့တယ်လို့ Spring Warriors Column က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော်သူးလေထိန်းချုပ်နယ်မြေ သောင်ရင်းမြစ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်ရဲဘော်ရဲဘက်များအတွက် ဂုဏ်ပြုပွဲကျင်းပ (ရုပ်/သံ)

ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တပ်မဟာ (၇)အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေကို မေလ ၂၁ ရက်မှာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။