မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး လွဲမှားတဲ့ အတွေးအခေါ်အယူအဆနဲ့ ကိုယ်ကျိုးအတ္တရှေ့တန်းတင်နေလို့ လက်နက်ကိုင် ပဋိပက္ခတွေ လက်ရှိအချိန်ထိ ဖြစ်ပွားနေတာလို့ ဆိုပါတယ် ။

“လွဲမှားသည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်အတွင်း အခုထိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တည်ငြိမ်မှု ပျက်ပြားနေခဲ့တာဟာ ကိုလိုနီနယ်ချဲ့ရဲ့ သွေးခွဲအုပ်ချုပ်ခဲ့မှု အမွေဆိုးကြောင့် ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

စစ်တပ်အနေနဲ့ တည်ငြိမ်အးချမ်းအောင် NCA ကို လုပ်ဆောင်ခဲ့ပေမယ့် အမှန်အတိုင်း မရှုမြင်ဘဲ အချို့က လမ်းမှား‌‌ကို လျှောက်နေဆဲ ဖြစ်တယ်လို့ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တိုက်ပွဲတွေကို ရည်ညွှန်းပြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ နှုတ်က ဘယ်လိုစကားတွေပဲ ပြောဆိုပါစေ ဒီနေ့အချိန်အခါလိုမျိုး တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင်၊ ကျရှုံးနိုင်ငံဖြစ်အောင် တွန်းပို့တဲ့ တရားခံဟာ ပြည်သူ့ဆန္ဒမပါဘဲ အရပ်သားအစိုးရထံက အာဏာလုယူ အုပ်ချုပ်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဖြစ်တယ်လို့ မြန်မာလူထုက မှတ်ယူထားကြပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း၏ အပတ်စဥ် (၉) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်း-ကရင်နီ တိုင်းစစ်ဒေသ လက်အောက်ခံ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း)ရဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ Pa-O National Defense Force (PNDF) က ထုတ်ပြန်ထားပါတယ်။
Read More

Justice Soldier Drone တပ်ဖွဲ့မှ ဒရုန်းနှင့် နည်းပညာ အင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင် (၂၀၀) ဦးခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသလက်အောက်ရှိ Justice Soldier PDF ရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ နည်းပညာ အင်အားဖြည့်တင်းဖို့အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

မြိုင်နဲ့ ရေစကြိုမှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်အစပ်ကကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေ သီတင်းကျွတ်ကို တော်လှန်သီတင်းကျွတ်အဖြစ် ဆင်နွှဲဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ ပြည်သူတွေအနေနဲ့ ဆီမီးသပိတ်ဆင်နွှဲပြီး တော်လှန်သီတင်းကျွတ်အဖြစ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ သပိတ်အင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။
Read More

ဖယ်ခုံမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police က ထုတ်ပြန်ထားပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။