မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး လွဲမှားတဲ့ အတွေးအခေါ်အယူအဆနဲ့ ကိုယ်ကျိုးအတ္တရှေ့တန်းတင်နေလို့ လက်နက်ကိုင် ပဋိပက္ခတွေ လက်ရှိအချိန်ထိ ဖြစ်ပွားနေတာလို့ ဆိုပါတယ် ။

“လွဲမှားသည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်အတွင်း အခုထိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တည်ငြိမ်မှု ပျက်ပြားနေခဲ့တာဟာ ကိုလိုနီနယ်ချဲ့ရဲ့ သွေးခွဲအုပ်ချုပ်ခဲ့မှု အမွေဆိုးကြောင့် ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

စစ်တပ်အနေနဲ့ တည်ငြိမ်အးချမ်းအောင် NCA ကို လုပ်ဆောင်ခဲ့ပေမယ့် အမှန်အတိုင်း မရှုမြင်ဘဲ အချို့က လမ်းမှား‌‌ကို လျှောက်နေဆဲ ဖြစ်တယ်လို့ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တိုက်ပွဲတွေကို ရည်ညွှန်းပြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ နှုတ်က ဘယ်လိုစကားတွေပဲ ပြောဆိုပါစေ ဒီနေ့အချိန်အခါလိုမျိုး တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင်၊ ကျရှုံးနိုင်ငံဖြစ်အောင် တွန်းပို့တဲ့ တရားခံဟာ ပြည်သူ့ဆန္ဒမပါဘဲ အရပ်သားအစိုးရထံက အာဏာလုယူ အုပ်ချုပ်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဖြစ်တယ်လို့ မြန်မာလူထုက မှတ်ယူထားကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၃ဦးကို လက်နက်ခဲယမ်းများနှင့်အတူ CDF-Asho အရှင်မိ

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (ပြည်သူ့စစ်) ၃ယောက်ကို ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လာမယ့် ရွေးကောက်ပွဲဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခု ဟု ခင်ရီ ပြောသလို စစ်တပ်နှင့် ကျောချင်းကပ် ရင်ချင်းကပ် မဆောင်ရွက်နိုင်ရင် အဲဒီအစိုးရ ပြုတ်ကျမည်ဟု ဆိုပြန်

လာမယ့်အတုအယောင် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ်ဆိုရင် စစ်တပ်နဲ့ သဟဇာတဖြစ်တဲ့သူကို မဲပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာသေးခင်က ပြောဆိုခဲ့သလို စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ခင်ရီကလည်း အစိုးရသစ်ဟာ စစ်တပ်နဲ့ လက်မတွဲနိုင်ရင် ပြုတ်ကျလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
Read More

မိုးဗြဲမြို့ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံး၊ စစ်ကောင်စီတပ်မှ အလင်းဝင်လာသူ ၁၆ ဦးရှိပြီး NUG ပညာရေးစနစ်သစ်ကို ဖြေဆိုအောင်မြင်ထားသူအချို့ ပါဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်နှင့် MSRF တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်မှ ၂၉ ဦး သေပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF က သတင်းထုတ်ပြန်လာပါတယ်။
Read More

အညာမြေတပ်ပေါင်းစု စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၃ ဦး ကျဆုံး

အညာမြေတပ်ပေါင်းစု (MUGDF) ရဲ့ စခန်းခွဲတစ်ခုကို စက်တင်ဘာ ၂၈ ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ဒဏ်ရာရရှိခဲ့၊ စစ်ကောင်စီတပ်က အရပ်သား (၂) ယောက်ကိုပါ အကြောင်းမဲ့ဖမ်းဆီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။