စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့နဲ့ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက မုံရွာမြို့နယ် သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြား စက်တဲကွင်းမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ အင်အား ၂၀ ခန့်နဲ့ အနီးဝန်းကျင်ရွာတွေမှာ လစဉ်ဆက်ကြေးကောက်ဖို့နဲ့ ရိက္ခာရှာဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၁၀ ယောက်ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အထိနာသွားတဲ့အတွက် နမခတပ်စခန်းနဲ့ အမတ ၅၀၈ အမြောက်တပ်တို့က လက်နက်ကြီး အကြိမ် ၂၀ ခန့် ပစ်ကူပေးခဲ့ပြီး တပ်ကူတွေထပ်မံရရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Budalin Mobile Team (BMT) ၊ မုံရွာခရိုင်တပ်ရင်း ၂ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပြောက်ကျား တပ်စိပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ရွာဇော်ကြီးတော်လှန်အသံ

0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် Rဇာနည်၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

မကြာခင် အသက် ၈၀ ပြည့်မြောက်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အဆိုတော် R ဇာနည်က အသက်ရှည်ကျန်းမာပြီး အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်းစကား မ ပြောကြားခဲ့ပါတယ်။
Read More

ဗောဓိတထောင်ဘုရားအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၃ ယောက်သေ၊ အများအပြားဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကနေ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ ဗောဓိတထောင် ဘုရားအနီးက ရွှေမြင်တင်တောင်ဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၁ ရက် နေ့လည်နဲ့ ညနေပိုင်းတွေမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ပြည်ကြီးတံခွန်မြို့နယ်ကို နေအိမ်ပေါ် မီးပုံပျံကျရာမှ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ မီးပုံပျံ အိမ်ပေါ်ကျရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 
Read More

အီရန်နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန် (ရုပ်/သံ)

အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန်ပြီး သတင်း‌ကြေညာနေတဲ့ အမျိုးသမီးဟာ စတူဒီယိုထဲကနေ ထွက်ပြေးခဲ့ရပါတယ်။
Read More

မေမေ့အတွက် အဝေးရောက် ခရစ္စမတ်ဆုတောင်း (ရုပ်/သံ)

''အခုချိန်မှာ မေမေ့ဆီ လာလည်လို့မရသလို မေမေ့ကို ဆက်သွယ်လို့ မရတာတွေက သားအတွက်တော့ နည်းနည်းခက်ခဲပါတယ်။ မေ့မေရဲ့ ခရစ်စမတ်အချိန်အခါလေးကလည်း တည်ငြိမ်အေးချမ်းမှုတွေနဲ့ ပြည့်နှက်နေမယ်လို့ သားမျှော်လင့်ပါတယ်''
Read More

ဖားကန့် ဆွတ်ဘွမ်ကျေးရွာ ကျောက်မျက်လုပ်ကွက်မှာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်၊ ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီဇာအနီး ဆွတ်ဘွမ်ကျေးရွာ ကျောက်မျက်လုပ်ကွက်မှာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပွားပြီး လုပ်သား ၂ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။