စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တမာတောရွာက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေ ပျက်စီးပြီး ဒေသခံ ၁ ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) ရဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက် ည ၁၀ နာရီကျော်လောက်မှာ တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ တမာတော တိုက်နယ်ဆေးရုံထဲကို ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချခဲ့တဲ့အတွက် လူနာဆောင်၊ ဓာတ်ခွဲခန်း၊ ဆရာ/ ဆရာမ နားနေဆောင်တွေ ထိမှန်ပျက်စီးသွားပြီး ပြည်သူ ၁ ယောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆေးရုံမှာ နေ့လယ်ပိုင်းတွေဆို အရေးပေါ်လူနာ ကုသပေးတာမျိုးရှိပြီး ညဘက်မှာတော့ ဆေးကုသမှုခံယူနေတဲ့ ပြည်သူတချို့သာ ရှိတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်တဲ့နေ့က သတင်းကြိုရတာကြောင့် ဒေသခံတွေနဲ့ ဆရာ/ဆရာမတွေ အထိအခိုက်မရှိ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“လေကြောင်း သတင်းဦးခဲ့တယ်လို့ ပြောလို့ရတယ်။ ညအိပ်ညနေ ဆေးကုသနေတဲ့ လူနာတချို့ရော၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရော၊ အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြတယ်။ တစ်ဦးတည်းပဲ အစမှန် ရှပ်ထိသွားတဲ့သဘောပါပဲ။ မစိုးရိမ်ရဘူး” လို့ ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) သတင်းတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ တိုက်နယ်ဆေးရုံဟာ ရေဦးမြို့နယ်အပါအဝင် တခြားမြို့နယ်တွေက ပြည်သူတွေပါ လာရောက်ဆေးကုသမှုခံယူနေတဲ့ ဆေးရုံတစ်ခုဖြစ်ပြီး ပြည်သူများစွာ အားကိုးအားထားရတဲ့ ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

“လက်ရှိ တမာတောရွာ ဆေးရုံဘေးမှာရှိတဲ့ ပြည်သူတချို့ကတော့ လေကြောင်းရန် စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိတယ်။ မနေ့က ညပိုင်းကတော့ ဆေးရုံဘေးမှာနေတဲ့ ပြည်သူတွေ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။ ရွာလုံးကျွတ် ထွက်ပြေးရတာမျိုး မရှိပါဘူး။ တရားမဝင် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်ကော်မရှင်က ပြည်သူတွေကို အကြောက်တရား သွင်းပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်နေတာလို့ ပြောလို့ရတယ်” လို့ ထူးခန့်ဇော် (အမေ့သား) က ဆိုပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းကလည်း အကြမ်းဖက်စစ်တပ်က ရေဦးအနောက်ခြမ်းချုပ်စပ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦး လေဆိပ်တက် ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီး မြို့ပေါ်ရှိ စစ်တပ်အထိုင်ချ စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၍ စစ်တပ်ဘက်မှ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်တပ်အထိုင်ချစခန်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် ပါတယ်။ 
Read More

စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါး​ဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ…

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ​ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်​ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲလုပ်နေသည့် နေရာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်ကသီတင်းကျွတ် ဆီမီးထွန်းပွဲ ပြုလုပ်နေတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာလ ၆ ရက် မနေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ဦးစီးမှုနှင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။