ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် စစ်‌ကော်မရှင်တပ်သား ၁၉ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်က ဆင်တလင်းရွာမှာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ပစ်ခတ်မှုအတွင်း ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး ၁ယောက်နဲ့ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် ၁၈ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ကာ ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေက ကွမ်းခြံကုန်းဂိတ်စခန်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ် ။

“ရွာထဲမှာ တပ်စွဲတာကတော့ တစ်လလောက်ရှိမယ် ၊ အရင်ကလည်းစွဲဖူးတယ်၊ ပြန်ထွက်လိုက် ပြန်ဝင်လိုက်နေနေကြတာ၊ စခတွေသေဆုံးမှုကိုတော့ တိုက်ပွဲအတွင်း မြင်တွေ့ခဲ့တာတွေရှိသလို လာရောက်အလောင်းကောက်သွားကြတာကို မြင်တဲ့ ပြည်သူတွေဆီကလည်း ပြန်လည်သိရပါတယ်” လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကော်မရှင်တပ်သားတွေ စစ်ကူလာနိုင်တဲ့ ထန်းပင်ချောင်း အထိုင်စခန်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကော်မရှင်တပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားသေးတယ်လို့ သိရပါတယ်။ 

အဲဒီနောက် ညနေ ၃ နာရီလောက်မှာလည်း စစ်ကော်မရှင်တပ်သားတွေ အင်အား ၈၀ ဝန်းကျင်နဲ့ ထပ်မံစစ်ကြောင်းထိုးလာချိန် တောင်တန်းမြိုင်ကျေးရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁ ယောက်သေဆုံးကာ ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေဆီကနေ MA – 1 (၄) လက် ၊ MA – 3 (၆) လက် ၊ G3 (၁) လက် ၊ ခြောက်လုံးပြူး (၁) လက် ၊ Helmet (၇) လုံး ၊ Equipment (၃) ခုနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ၊ သာယာဝတီခရိုင်တပ်ရင်း -၂ (၃၈၀၂) ရဲ့ တပ်ခွဲ – ၂၊ တပ်ခွဲ -၃၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃ ၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ရဲ့ တပ်ရင်း – ၃ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Video – ပေးပို့

0 Shares:
You May Also Like
Read More

ခပေါင်းချောင်းရေ မြင့်တက်လာသည့်အတွက် တောင်ငူမြို့ အနိမ့်ရပ်ကွက်အချို့နှင့် ကျေးရွာများ ချောင်းရေဝင်ရောက်ကာ အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ခပေါင်းချောင်းရေ မြင့်တက်လာတဲ့အတွက် ရပ်ကွက်အချို့နဲ့ ကျေးရွာ တွေမှာ ချောင်းရေဝင်ရောက်လာပြီး အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်သားကို စနိုက်ပါနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ဖော်ပြထားပါတယ်။
Read More

လောင်းလုံးမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကောက်မတီထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းအတွင်း TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ် ကွက်ကို ဧပြီလ ၅ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပြီး ပြည်သူ အယောက် ၃၀ ကို ကယ်တင်မှုမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေ၊ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ဒေါင်းနီတပ်ရင်း စိုးမိုးနယ်မြေကို ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက တပ်မ ၃၃ ဗိုလ်ကြီးအေးမင်းထွန်းဦးဆောင်တဲ့ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ် ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရင်းထံက သိရပါတယ်။
Read More

မျှော်စင်ပေါ်မှ ပျူစောထီး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၊ ပြုတ်ကျပြီး ၃ ရက်အကြာတွင် သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီပျူစခန်း မျှော်စင်ပေါ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။