အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ လက်ရှိ ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ကာလမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကို ကွပ်ကဲနေရတဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုရဲ့ စစ်တိုင်းမှူးတွေကို မင်းအောင်လှိုင်က ကြိမ်ဖန်များစွာ အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။ 

အဲ့လို နေရာပြောင်းရွှေ့တဲ့အထဲမှာ ဗိုလ်ချုပ် အယောက် ၄၀ နဲ့ ဗိုလ်မှူးချုပ် ၆ယောက်၊ စုစုပေါင်း ၄၆ ယောက် ပါဝင်ပြီး တချို့ကို တစ်ကြိမ်မက ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းကာလ မတိုင်ခင်က စစ်တိုင်းမှူးတစ်ယောက်ရဲ့ တာဝန်သက်တမ်းဟာ ၂နှစ်ကျော် ၃နှစ်ဝန်းကျင် ရှိတတ်ပေမယ့် လက်ရှိအချိန်မှာ တာဝန်သက်တမ်း ၁နှစ်မပြည့်တဲ့ စစ်တိုင်းမှူး ၂၃ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ရေးရှုံးနိမ့်မှုကြောင်း တိုင်းမှူး ပြောင်းလဲတာတွေ၊ စစ်ရေးလှုပ်ရှားမှုနည်းတဲ့ ဌာနချုပ်တွေမှာ အပြောင်းအလဲလုပ်တာတွေ ရှိခဲ့ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ ပြောင်းလဲမှုအများဆုံး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြောင်းလဲမှုထဲမှာ အရှေ့ပိုင်းတိုင်း၊ နေပြည်တော်နဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က ဒုတိယနဲ့ တတိယလိုက်ပြီး ရခိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတော့ တစ်ကြိမ်သာ အပြောင်းအလဲလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တိုင်းမှူး အပြောင်းအလဲတွေဟာ စစ်ရေးဗျူဟာ ဖော်ဆောင်မှုကို အပြောင်းအလဲဖြစ်စေပေမယ့် စစ်ရေးလှုပ်ရှားမှုနည်းတဲ့ တိုင်းစစ်ဌာနချုပ်တွေက စစ်တိုင်းမှူးတွေကိုပါ ပြောင်းလဲနေတာကြောင့် စစ်ဆင်ရေးရှုထောင့် တစ်ခုတည်းအရ လုပ်ဆောင်နေတာမျိုးမဟုတ်ဘဲ မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲမှုနဲ့လည်း သက်ဆိုင်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

စစ်တိုင်းမှူးတွေဟာ တာဝန်ထမ်းဆောင်တဲ့ ကာလ လျော့နည်းတာနဲ့အမျှ အောက်ခြေ တပ်ရင်း၊ တပ်မတွေနဲ့ ထိတွေ့ပြီး ပုဂ္ဂိုလ်ရေး အာဏာနဲ့ သြဇာတည်ဆောက်ဖို့ အချိန်လျော့နည်းမှာ ဖြစ်တာကြောင့် ဒီလိုပြောင်းလဲမှုတွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သူ့ရဲ့ ပုဂ္ဂိုလ်ရေးအာဏာ တည်ဆောက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား၊ အဆိုပါ ကိုယ်စားလှယ်လောင်းက မဘသ သတင်းထောက်အား ရွေးကောက်ပွဲဥပ‌ဒေဖြင့် တရားပြန်စွဲ

မဲဆွယ်စည်းရုံးရေးပြောဆိုချက်တွေဟာ တော်လှန်ရေးနဲ့ဆက်နွယ်တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင် (UEC) ထံ စွပ်စွဲမေးမြန်းခဲ့တဲ့ မဘသ သတင်းထောက် နောင်တော်လေးကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူပေးဖို့ ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးလွင်မြင့်က စစ်အုပ်စုလက်ပါးစေ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ (၆) ယောက် ဒေါနတပ်ရင်းဆီ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ် (၃) ၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းကို စစ်ကောင်စီတပ်က တပ်သား (၆) ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းရှည်မှာ စစ်တပ်နဲ့ PDF တွေ ၂ရက်တာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ ယောက် သေပြီး၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

စုစည်းညီညွတ်အားဖြင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်ပြုလုပ်၊ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။