မကွေးတိုင်း၊ အောင်လံမြို့ပေါ် ရပ်ကွက်တချို့မှာ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲအတုကို ထောက်ခံတဲ့သဘောနဲ့ အိမ်တိုင်း မဖြစ်မနေ အလံလွှင့်တင်ထားရမယ်ဆိုပြီး အရပ်သားတွေကို ခြိမ်းခြောက်ပြောဆိုထားကြောင်း အောင်လံလူထုအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောင်လံမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စျေးကုန်း၊ ကျောင်းစု၊ တိုးချဲ့ ၊ တရော်ကုန်းနဲ့ အကြော်ကုန်း (ပဲကြော်ကုန်း) စတဲ့ ရပ်ကွက်တွေမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ကစလို့ ၂၁ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံအလံကို အိမ်တိုင်းလွှင့်တင်ထားဖို့ စစ်အုပ်စု လက်ပါးစေတွေက အိမ်ပေါက်စေ့ ဖိအားပေးပြောဆိုထားတယ်လို့ သိရပါတယ်။

အလံကို အိမ်ပေါက်စေ့ စိုက်ထူလွှင့်တင်ထားဖို့နဲ့ မလုပ်ဆောင်ထားရင် ဖမ်းဆီးအရေးယူနိုင်တယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

“မြန်မာအလံတွေကို သူတို့ဆီမှာ မဝယ်မနေရဝယ်ခိုင်းတယ်။ ၁၅၀၀၀ တဲ့။ မဝယ်မနေရဘူး၊ ဝယ်ရမယ်တဲ့။ အလံကို စိုက်ထူတဲ့အခါမှာလည်း ဝါးကို ဖြောင့်တန်းတဲ့ဝါးနဲ့ပဲ စိုက်ရမယ်ပြောတယ်။ မဖြောင့်ဘဲ ကွေးကွေးကြီးဆိုလည်း ဒဏ်ငွေထပ်ကောက်ခံရမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်” ဆိုပြီး အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

(ဓာတ်ပုံ အောင်လံလူထုအဖွဲ့)

ဒီလိုခြိမ်းခြောက်လုပ်ဆောင်နေမှုကို စျေးကုန်းကျောင်းစုရပ်ကွက်နေ ဦးမဲကြီး၊ ထွန်းမင်းလတ်စတဲ့ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေက လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။

အခုလို လုပ်ဆောင်နေတာတွေကို အောင်လံမြို့ပေါ်တွေမှာသာ လတ်တလော တွေ့ရပေမယ့် ထပ်မံ လုပ်ဆောင်လာနိုင်ခြေရှိတယ်လို့လည်း ပြောကြပါတယ်။

“အလံကို အိမ်တိုင်းစိုက်ထူခိုင်းရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ မတရားလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲကို ထောက်ခံပါတယ်ဆိုတဲ့အချက်ရယ်၊ သူတို့ စစ်တပ်ကို ပြည်သူတွေထောက်ခံပါတယ်ဆိုတဲ့ အချက်ရယ် ကြောင့်ပါ” လို့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေတွေအရ အောင်လံမြို့နယ်အပါအဝင် နယ်နိမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်း ပြည်မြို့နယ်ကြားက ကျေးရွာတွေမှာ စစ်အုပ်စုလက်ပါးစေ ကျေးရွာအာဏာပိုင်ဆိုသူတွေရဲ့ စစ်မှုထမ်းစုဆောင်းမှုနဲ့ စျေးကွက်ပုံစံ အရောင်းအဝယ်တွေ ဆိုးဆိုးရွားရွားရှိနေပြီး အရပ်သားလူငယ်တွေလည်း တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်မှာ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ၂၇ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်အစပိုင်း ၂ လကျော်ကြာချိန်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်မလှုပ်ခင် မိနစ်ပိုင်းအလို စက်တပ်လေထီး ဗုံးကြဲလို့ ထမင်းစားနားနေသည့် အမျိုးသမီး အလုပ်သမား ၃ ဦး သေဆုံး၊ ၇ ဦး  ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းဆေးဝါးစက်ရုံကို အကြောင်းမဲ့ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမား ၃ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်…

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကျွန်ဇာတ်သွင်းတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအတွက် အိမ်တွင်းသပိတ်ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ ထွက်ပေါက်တစ်ခုဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲ သွားရာလမ်းကြောင်းဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ကန့်ကွက်ကြောင်းနဲ့ ဒီလို စစ်ကျွန်ဇာတ်သွင်းနေမှုကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့နေ တော်လှန်ပြည်သူတွေက အိမ်တွင်းသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရသူများကို MNDAA သူရဲကောင်းဘွဲ့ချီးမြှင့်… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် အောက်မေ့ဂုဏ်ပြုတဲ့ အခမ်းအနားကို ကိုးကန့်တပ်မတော် (MNDAA) ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

စီမံချက်အရ BNRA ရဲ့ စစ်ဆေးရေးဂိတ် ၃ ခုကို NUG ခရိုင်တပ်ဖွဲ့တွေက စီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့ဟု ဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ စစ်ဆေးရးဂိတ် ၃ ခုကို NUG ခရိုင်တပ်ဖွဲ့ဝင်တွေက စီးနင်းရှင်းလင်းခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။