အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။

စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ MRTV ၊ MITV နဲ့ Myanmar Radio လိုင်း ၁၄ ခုကို Twitch ၊ Facebook ၊ YouTube နဲ့ MediaFire တို့ကနေ ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ Amazon ပိုင် ဗွီဒီယိုပလပ်ဖောင်း Twitch ကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ MRTV နဲ့ ရေဒီယိုလိုင်း ၁၄ ခုကို ဝဘ်ဆိုဒ်၊ Google၊ Apple App stores ရှိ မိုဘိုင်း Apps တွေကနေ ဖယ်ရှားခဲ့တာဖြစ်သလို MITV ဝဘ်ဆိုဒ်နဲ့ တွဲထားတဲ့ MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

အလားတူ Facebook ကလည်း MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး YouTube ကလည်း စစ်တပ် ပြန်ကြားရေး ဝန်ကြီးဌာန အကောင့်တစ်ခုကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ YouTube ကတော့ MITV အကောင့်ကို ဖယ်ရှားဖို့အတွက် လက်ရှိအချိန်ထိ ငြင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က Facebook အကောင့်တွေမှာ မျှဝေတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ PDF ဖိုင်တွေကို သိမ်းဆည်းထားသိုဖို့ အသုံးပြုတဲ့ MediaFire ဝဘ်ဆိုဒ်ကနေလည်း ရတနာပုံသတင်းစာ အကောင့်တွေကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်တပ်၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ ပြည်သူများထံ ဝါဒမှိုင်းများဖြန့်ဝေသည့် စစ်အုပ်စု၏ စွမ်းရည်အား ဟန့်တားနိုင်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်” လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့်အကောင့်တွေကို ဝန်ဆောင်မှုပေးနေတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နည်းပညာ ကုမ္ပဏီတွေဆီ Justice For Myanmar က စာရေးသားပေးပို့ မေးခွန်းထုတ်ခဲ့သလို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုမှာ အခုလို စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်အကောင့်တွေကို ပိတ်သိမ်းဖြုတ်ချလိုက်တာလို့ ဆိုပါတယ်။

Justice For Myanmar က တိုင်ကြားခဲ့တဲ့ စစ်အုပ်စုအကောင့်တွေကို အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ကိုင်တွယ်စီမံနေတာဖြစ်ပြီး အဲဒီအကောင့်တွေကို ပိတ်သိမ်းဖြုတ်ချဖို့ Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တွေဆီကို စာရေးသား ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ် ဆောင်နေချိန်မှာ ဝါဒမှိုင်းဖြန့်ချိနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ။ အဆိုပါ ကုမ္ပဏီတွေအနေနဲ့ အရေးယူမှုတွေကို အခုကပဲ စတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ချနဘူရီ ရေလှောင်တမံမှာ မြန်မာလုပ်သား ၃ ဦး၏ ရုပ်အလောင်း တွေ့ရှိ၊ လှေနစ်မြုပ်မှုကြောင့် သေဆုံးဟု ယူဆ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဝချီရာလောင်ကွန် ရေလှောင်တမံမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ ရေပေါ်ပေါ်လာတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ဆယ်ယူခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာလ ၁၂ ရက်က ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Read More

အာဆီယံပူးပေါင်းအဖွဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့်အပတ် မြန်မာပြည်လာမည်

အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မိခင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်နှင့်ပြီးဖြစ်မှာကို စိုးရိမ်ကြောင်း ကိုထိန်လင်း ပြော

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ကျန်းမာရေးမကောင်းသူ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းအချက်အလက်နဲ့ အဆက်အသွယ်တွေ မရတော့တဲ့အတွက် ကွယ်လွန်သွားတာမျိုးဖြစ်မှာကို စိုးရိမ်မိတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ရိုက်တာသတင်းဌာနကို ပြောဆိုလိုက်ပါတယ်။