ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်တပ်က သက်သေတစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဘာမှယုံကြည်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။

“စစ်အစိုးရက မေမေဟာ ‘ကျန်းမာရေးကောင်းမွန်ပါတယ်’ လို့ အတင်းအကြပ်ယုံခိုင်းနေပေမဲ့ သက်သေအထောက်အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံးကွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး။ မိသက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်များကို ယုံကြည်ရန် မဖြစ်နိုင်ပါ” လို့ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မတရား ဥပဒေပုဒ်မတွေတပ်ပြီး ဖမ်းဆီးခံရကာ အကြမ်းဖက်စစ်တပ်လက်ထဲ ရောက်ရှိနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွယ်လွန်နှင့်ပြီး ဖြစ်နိုင်တယ်လို့ ကိုထိန်လင်းက ဒီရက်ပိုင်း နိုင်ငံတကာ သတင်းမီဒီယာတွေကို ထုတ်ပြောလာခဲ့တာပါ။

၂၀၁၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ကို တွေ့ရစဥ်



စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ရှေ့နေအဖွဲ့တွေ အပါအဝင် ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတာ အချိန်ကြာမြင့်လာချိန်မှာ ကိုထိန်လင်းက အခုလို ထုတ်ပြောလာခဲ့တာပါ။ အဲ့လိုပြောဆိုမှုတွေ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး သက်သေ တစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

“Shakespeare ရဲ့ Hamlet မှာ ပြောထားသလို — ‘အလွန်အကျွံ ကာကွယ်ပြောဆိုနေသူက ပိုပြီး သံသယဖြစ်စရာ ကောင်းပါတယ်။’ စစ်တပ်က တကယ်ယုံကြည်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်၊ သက်သေပြပါ၊ မေမေနဲ့ တွေ့ခွင့်ပေးပါ၊ လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးပါ၊ အမှန်တရားကို မြင်သာအောင်ပြပါ” လို့ ကိုထိန်လင်းက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲချတိုက်ခိုက်၊ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊‌ မြောက်ကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Justice Soldier PDF အဖွဲ့က ပြုလုပ်တဲ့ စနိုက်ပါ မွမ်းမံသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Justice Soldier PDF အဖွဲ့က ရဲဘော်တွေအနေနဲ့ တိုက်ပွဲအတွင်း ပစ်မှတ်ကို ပိုမိုတိကျသေချာစေဖို့ ၊ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ စနိုက်ပါမွမ်းမံသင်တန်းကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

ဘောလခဲနှင့် ဖားဆောင်းစစ်ဆင်ရေးအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ၂၃ နှစ်အရွယ် ကျဆုံးရဲဘော် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း၏ စျာပနအခမ်းအနား

အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းရဲ့ စျာပနအခမ်းအနားကို ပြည်သူတွေနဲ့ ကျန်ရစ်သူရဲဘော်ရဲ‌ဘက်တွေက မေလ( ၃၁) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်မှာ စစ်အုပ်စုက Gyrocopter နဲ့ တိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးအပါ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ထဲကို စစ်ကော်မရှင်တပ်က Gyrocopter နဲ့ လေကြာင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ကလေး ၂ ဦးအပါ အရပ်သားပြည်သူ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ထိတွေ့တိုက်ပွဲမရှိပဲ ရတုံရွာနဲ့ ဘူးတောင်းကန်ရွာကြားကနေရာတွေကို Gyrocopter နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် (၅) နှစ်အရွယ်ကလေးတစ်ယောက်၊ အသက် (၈) နှစ်အရွယ် ကလေးတစ်ယောက် နဲ့ အသက် (၃၀) အရွယ် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ သိရတာပါ။