တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့က ထားဝယ်မြို့အခြေစိုက် ၂၆၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းအပတ်စဥ် (၁၆) ဆင်း ပြည့်ဖြိုးမောင်နဲ့ ပြည့်လင်းအောင်တို့ဟာ သေနတ်ကိုယ်စီနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA 1 သေနတ် ၂လက်နဲ့ ကျည်ဘောက် ၂ခု၊ 5.56 ကျည်အတောင့် ၅၀ ပါဝင်ခဲ့ပြီး ၂ယောက်လုံးကို ဆုကြေးငွေ သိန်း ၃၀ ကျပ်စီ ပေးအပ်ကာ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေး အရှိန်မြှင့်နေချိန် ဖြစ်တာကြောင့် ပြည်သူ့ဘက် ခိုလှုံလိုတဲ့ ရဲ၊ စစ်သားနဲ့ ပြည်သူ့စစ်တွေ အမြန်ဆုံးခိုလှုံကြဖို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့ကလည်း တနင်္သာရီ၊ အောက်ကင်း အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေနဲ့ တပ်ကြပ်အပါ စစ်သား ၃ ယောက် တနင်္သာရီတိုင်း စစ်ဌာနထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ အခုလို စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးဘက် ထွက်ပြေးခိုလှုံမှုတွေကို ထိန်းချုပ်နိုင်ဖို့ စစ်မှုထမ်းသင်တန်းအပတ်စဥ်တွေကို တိုးမြှင့်တာ၊ ခြိမ်းခြောက်ဝါဒဖြန့်တာအပြင် ကျန်းမာရေး မကောင်းသူတွေနဲ့ ငွေကြေးတတ်နိုင်သူတွေကို သင်တန်းပြီးဆုံးတယ်ဆိုပြီး ဟန်ပြသင်တန်းဆင်းခိုင်းတာတွေလည်း ရှိနေကြောင်း CDM စစ်ဘက်အရာရှိက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမှာ လမ်းပိုင်းခြေကုပ်ယူဖို့ ကြိုးစားနေသည့် စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေရာတင် ၃ ယောက် သေပြီး အများအပြားထိခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ အရပ်သားကားတွေကို ချောဆွဲလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မင်းလှမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲ၊ ၁ ဦး သေပြီး ဒဏ်ရာရ ၂ ဦးလည်း သေဆုံးနိုင်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ယောက်သေဆုံးပြီး ၂ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက ပြောပါတယ်။
Read More

တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ယင်းမာပင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ကာ ဒေသခံလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီနှင့် နီးစပ်သူ ရခိုင်ခရိုနီ ဦးကျောက်တောင်၏ တောင်ကုတ်နှင့်​ မောင်​တောရှိ ပိုင်ဆိုင်မှုများကို AA ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ နာမည်ကြီး ရခိုင်လုပ်ငန်းရှင် သူဌေးကြီး ဦးကျောက်‌တောင်ရဲ့ တောင်ကုတ်မြို့နယ်နဲ့ မောင်တောမြို့နယ်က ပိုင်ဆိုင်မှုတွေကို အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ ရက္ခိုင်ပြည်သူ့အစိုးရက ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးများနှင့် သံဃာတော်များအပါ ၈ ဦးဒဏ်ရာရ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာနှင့် ပုသိမ်ကြီးအစပ်ရှိ စခန်းများအား MDY PDF နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်အပြီး စစ်အုပ်စု လေကြောင်း ဆက်တိုက် တိုက်ခိုက်နေ

မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်က အကြမ်းဖက်စစ်စခန်းတွေကို MDY PDF နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်အပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ ပြန်လည် ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။