တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့က ထားဝယ်မြို့အခြေစိုက် ၂၆၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းအပတ်စဥ် (၁၆) ဆင်း ပြည့်ဖြိုးမောင်နဲ့ ပြည့်လင်းအောင်တို့ဟာ သေနတ်ကိုယ်စီနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA 1 သေနတ် ၂လက်နဲ့ ကျည်ဘောက် ၂ခု၊ 5.56 ကျည်အတောင့် ၅၀ ပါဝင်ခဲ့ပြီး ၂ယောက်လုံးကို ဆုကြေးငွေ သိန်း ၃၀ ကျပ်စီ ပေးအပ်ကာ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေး အရှိန်မြှင့်နေချိန် ဖြစ်တာကြောင့် ပြည်သူ့ဘက် ခိုလှုံလိုတဲ့ ရဲ၊ စစ်သားနဲ့ ပြည်သူ့စစ်တွေ အမြန်ဆုံးခိုလှုံကြဖို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့ကလည်း တနင်္သာရီ၊ အောက်ကင်း အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေနဲ့ တပ်ကြပ်အပါ စစ်သား ၃ ယောက် တနင်္သာရီတိုင်း စစ်ဌာနထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ အခုလို စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးဘက် ထွက်ပြေးခိုလှုံမှုတွေကို ထိန်းချုပ်နိုင်ဖို့ စစ်မှုထမ်းသင်တန်းအပတ်စဥ်တွေကို တိုးမြှင့်တာ၊ ခြိမ်းခြောက်ဝါဒဖြန့်တာအပြင် ကျန်းမာရေး မကောင်းသူတွေနဲ့ ငွေကြေးတတ်နိုင်သူတွေကို သင်တန်းပြီးဆုံးတယ်ဆိုပြီး ဟန်ပြသင်တန်းဆင်းခိုင်းတာတွေလည်း ရှိနေကြောင်း CDM စစ်ဘက်အရာရှိက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့၊ နဝရတ်ရွှေဆိုင် ဓားပြမှုမှာ ကျူးလွန်ခဲ့သူတွေထဲက ၃ ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထား

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဒီဇင်ဘာလအတွင်း တီးတိန်မှာ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ စစ်သားနဲ့ရဲ ၄ယောက် အလင်းဝင်လာ၊ တပ်ဖွဲ့ပိုင် ဆိုင်ကယ်ခိုးယူသူတွေကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့

ဒီဇင်ဘာလအတွင်း CDF Civil Defense Militia - CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ ၅ ယောက်သေပြီး စစ်ကြောင်းတစ်ခုလုံး ရွာထဲပြန်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ - ပလိုင်း ပကဖ က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။
Read More

သာဂရမြို့ဟောင်းက မြို့ရိုးတွေ ဖြိုချနေမှုမှာ ဗထူးတပ်မတော် ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုမှုတွေရှိနေ၊ စွပ်စွဲမှုတွေအပေါ် ဗထူးတပ်မတော် ငြင်းဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှစ် တစ်ထောင် သက်တမ်းရှိ ထားဝယ်ရှေးဟောင်းအမွေအနှစ် သာဂရမြို့ဟောင်း၊ မြို့ရိုးတွေကို စက်ယန္တရားသုံးဖြိုချနေတဲ့ အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။
Read More

နတ်မောက်တွင် ရွာထဲဝင် တပ်စွဲပြီး နေအိမ်များကို မီးရှို့ဖိုလုပ်သည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။