ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေးရဲဘော်တွေကနေ‌ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် ဒီမနက် ၃နာရီ ၄၂ မိနစ်ဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် လှုပ်ရှားနေပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်မှုတွေ လုပ်ဆောင်နေတဲ့ ပိတောက်ချောင်းနယ်မြေရဲစခန်းကို “Operation Flame – Fire power” အထူးစစ်ဆင်ရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ရဲစခန်းမှာက အင်အား ၂၀ ပတ်ချာလည်တော့ ရှိလောက်မယ်။ အတိအကျတော့ Data မရထားပါဘူး။ ၂ပတ်အကြာ မြေပြင်စောင့်ကြည့် ထောက်လှမ်းပြီး အနီးကပ် ၂ရက် ကြိုတင် ပြင်ဆင်မှုတွေလုပ်ပြီး ဒီ မနက်ပိုင်းမှာ အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ Operation Flame ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

စစ်ဆင်ရေးအတွင်း ရဲစခန်းနဲ့ အနီးကပ်ဆုံးနေရာတွေမှာ မိုင်းတွေကို ချထားနိုင်ခဲ့ပြီး ရဲတပ်သားတွေ မနက်အစောပိုင်း ကင်းချိန်းချိန်မှာ အချိန်ကိုက် ဖောက်ခွဲနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



“ရန်သူ ထိခိုက်မှု အသေးစိတ်ကတော့ စုံစမ်းအတည်ပြုနေဆဲပါ။ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားတွေအားလုံး ဘေးကင်ရာကို ရောက်ရှိနေပြီဖြစ်ပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

Operation Flame အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို ရသမျှနည်းလမ်းနဲ့ ဆန့်ကျင်တော်လှန် တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်တပ်က အတုယောင် ရွေးကောက်ပွဲတွေကို မည်သို့ပင်လုပ်ဆောင်နေပါစေ မြို့ပြတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

အထက်ပါ တိုက်ခိုက်မှုကိုတော့ Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော် PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် (၃၃)ရက်တာ တိုက်ပွဲဖြစ်ပွား၊ ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းအပါ ၆၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ၃ ဦး အလင်းဝင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ (၃၃)ရက်တာ တိုက်ပွဲဖြစ်ပွားမှုအတွင်း ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းအပါ ၆၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ၃ ယောက် အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုတွင် စစ်ကောင်စီက ကျန်းမာရေးမကောင်းသူများ အပါအဝင် အရပ်သားပြည်သူတွေကို အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးနေ

"ရေစကြိုက ၆၃ မြို့နယ်ထဲပါလို့ ရှက်ရမ်းရမ်းပြီး လုပ်နေတာလို့ ယူဆရပါတယ်။ အခုဆို မြို့ပေါ်နေပြည်သူတွေအဖို့ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရတာပါ။ ဖမ်းတဲ့ကောင်တွေကလည်း ရေစကြိုရုံးပေါင်းစုံထဲကရော မြို့မရဲစခန်းထဲကရောပါ။ သူတို့က မြို့ပေါ်မှာ ၆ နေရာလောက် နေရာခွဲပြီး နေကြတာ" လို့ အဆိုပါ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

“လေယာဉ်တစ်စီးနဲ့ မင်းတို့နဲ့ မလဲနိုင်ဘူး” ဆိုပြီး စစ်ကောင်စီ သူ့တပ်ဖွဲ့ဝင်တွေကို စွန့်ပစ်

အာဏာသိမ်းစစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့  လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရဲဘော်ကိုစိုင်း(ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုအပေါ် သတ်ဖြတ်သူတွေနှင့် စေခိုင်းသူများကို တာဝန်ယူပေးဖို့ KNDF-B29 ကရင်ဖြူရဲဘော်များ တောင်းဆို

ပျဉ်းမနားစစ်ကြောင်းမှူးတစ်ဖြစ်လဲ ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ညှင်းပန်းသတ်ဖြတ်ခံရမှုအပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၂၉)၊ တပ်ခွဲ (၁) ကရင်ဖြူ ရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။