ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေးရဲဘော်တွေကနေ‌ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် ဒီမနက် ၃နာရီ ၄၂ မိနစ်ဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် လှုပ်ရှားနေပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်မှုတွေ လုပ်ဆောင်နေတဲ့ ပိတောက်ချောင်းနယ်မြေရဲစခန်းကို “Operation Flame – Fire power” အထူးစစ်ဆင်ရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ရဲစခန်းမှာက အင်အား ၂၀ ပတ်ချာလည်တော့ ရှိလောက်မယ်။ အတိအကျတော့ Data မရထားပါဘူး။ ၂ပတ်အကြာ မြေပြင်စောင့်ကြည့် ထောက်လှမ်းပြီး အနီးကပ် ၂ရက် ကြိုတင် ပြင်ဆင်မှုတွေလုပ်ပြီး ဒီ မနက်ပိုင်းမှာ အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ Operation Flame ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

စစ်ဆင်ရေးအတွင်း ရဲစခန်းနဲ့ အနီးကပ်ဆုံးနေရာတွေမှာ မိုင်းတွေကို ချထားနိုင်ခဲ့ပြီး ရဲတပ်သားတွေ မနက်အစောပိုင်း ကင်းချိန်းချိန်မှာ အချိန်ကိုက် ဖောက်ခွဲနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



“ရန်သူ ထိခိုက်မှု အသေးစိတ်ကတော့ စုံစမ်းအတည်ပြုနေဆဲပါ။ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားတွေအားလုံး ဘေးကင်ရာကို ရောက်ရှိနေပြီဖြစ်ပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

Operation Flame အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို ရသမျှနည်းလမ်းနဲ့ ဆန့်ကျင်တော်လှန် တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်တပ်က အတုယောင် ရွေးကောက်ပွဲတွေကို မည်သို့ပင်လုပ်ဆောင်နေပါစေ မြို့ပြတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

အထက်ပါ တိုက်ခိုက်မှုကိုတော့ Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့ကို KIA ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲအဖြစ် ပြန်လည်ထိုးစစ်ဆင်နေ 

စစ်ကိုင်းနဲ့ ကချင် အစပ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မြဝတီ ကျောက်ခက်ရွာ ဆေးရုံဟောင်းကို စစ်တပ် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော် ပြုလုပ်ခဲ့

ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော်အထိပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ပါတယ်။
Read More

ပြည်ပသွားရောက် အလုပ်လုပ်ကိုင်မှုကို အရေအတွက်ဖြင့် ကန့်သတ်ကာ ပြည်တွင်းမှာလည်း ကြီးပွါးတိုးတက်နိုင်သည်ဟု မင်းအောင်လှိုင် ပြော

ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လိုသူ များပြားနေချိန် အကြမ်းဖက်စစ်ကောင်စီက လစဥ် အရေအတွက် အကန့်အသတ်နဲ့သာ ခွင့်ပြုပြီးတဲ့နောက် ပြည်တွင်းမှာသာ အလုပ်လုပ်ကြဖို့ အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုထားပါတယ်။
Read More

သန်ခေါင်စာရင်းကောက်ယူရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို တိုင်ကြားနိုင်တယ်လို့ ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

အကြမ်းဖက်စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲ အထမြောက်ဖို့ သန်ခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို တိုင်ကြားနိုင်တယ်လို့ ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကနေ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက‌နေ မတရားအာဏာသိမ်းခဲ့တဲ့ ၄ နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထုကို မငဲ့ဘဲ…
Read More

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။