မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၇ရက် မနေ့မနက်အစောပိုင်းက ဂန့်ဂေါမြို့အခြေစိုက် အမှတ် (၅၀) ခြေလျင်တပ်ရင်းရှိရာကို ဦးတည်ပြီး Unity Rocket Organization အဖွဲ့က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်လုပ်ရှော့တိုက်ဒုံး ၁၃လုံးအထိ ရည်ရွယ်အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း Unity Rocket Organization အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ထုတာတော့ စုစုပေါင်း ၁၃ လုံးပါ။ လေပေါ်ကွဲတာက ၄ လုံး၊ ကျရောက်ပေါက်ကွဲတာက ၄ လုံးနဲ့ ထပ်မပစ်တာက ၅လုံးပါ။ အဓိကကတော့ သူတို့ရွေးကောက်ပွဲကို ပြည်သူတွေ လက်မခံဘူးဆိုတာ သိစေချင်လို့ပါ။” လို့ Unity Rocket Organization အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးတွေဟာ ရေပုတ်ရပ်ကွက်၊ သစ်ထုတ်လုပ်ရေးနေရာနဲ့ ခရိုင် လဝက ရုံးနားတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး မနက်အစောပိုင်းဖြစ်တာကြောင့် အရပ်သားတွေ မရှိတဲ့အချိန် ဖြစ်တယ်လို့လည်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ
ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ

အဲ့ဒီဖြစ်စဥ်အပြီး စစ်ကောမရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက အခင်းနေရာကို ရောက်ရှိလာပြီး ရှော့တိုက်ဒုံးအပိုင်းအစတွေ လိုက်လံသိမ်းယူကာ မြို့အဝင်အထွက် ဂိတ်တွေ အားလုံးကို အင်အားတိုးမြှင့် ချထားလိုက်တယ်လို့လည်း သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၇ရက်၊ မနေ့ကပဲ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံံရှိရာကို ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်းက ရော့ကတ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါဟာ စစ်ရေးခြိမ်းခြောက်မှု ပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားပြီး အသုံးပြုခဲ့တဲ့ ရော့ကတ်အရေအတွက်နဲ့ စစ်အုပ်စုထိခိုက်မှုစာရင်းကိုတော့ မောင်းဘက်က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

“အဝေးကနေ ဖြစ်ပေမယ့် ဆုံးဖြတ်ချက်က နီးကပ်တယ်၊ ရည်မှန်းချက်က တိကျတယ်၊ လုပ်ဆောင်ချက်က တည်ငြိမ်တယ်၊ အဲဒီ အခိုက်အတန့်ဟာ မိမိတို့ဖက်ရဲ့ စည်းကမ်း၊ သတ္တိနဲ့ တာဝန်ယူမှုတွေ ဘယ်လောက်ခိုင်မာလဲဆိုတာကို သက်သေပြနိုင်လိုက်တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။” လို့လည်း ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်အုပ်စု စိုးမိုးထားတဲ့နေရာတွေနဲ့ အဓိက အားထားရာ နေရာတွေမှာ တော်လှန်ရေးတပ်တွေဘက်က စစ်ရေးခြိမ်းခြောက်တဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာပါ။

လက်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါမြို့နယ်နဲ့ ပေါက်မြို့နယ်တွေဟာလည်း စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့နေရာတွေ ဖြစ်ပါတယ်။

ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ
0 Shares:
You May Also Like
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေးမြို့နှင့် မုဒုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၅ ခုကို RMA တိုက်ခိုက်၍ အရာရှိ ၁ ဦးအပါ ထိခိုက်သေဆုံးသူ များရှိခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ မုဒုံမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်း ၅ ခုကို ရာမညမွန်တပ်တော် (RMA) က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရာရှိ ၁ ယောက် အပါအဝင် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ သတင်းထုတ်ပြန် လာပါတယ်။ 
Read More

NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ၂ ယောက်ကို ဖယ်ရှားပေးဖို့ တောင်းဆို…

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီး နှစ်ယောက်ဖြစ်သူကို ဖယ်ရှားပေးဖို့ ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) က NUCC ကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီး နှစ်ယောက်ဖြစ်တဲ့…
Read More

စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်ချိန် အမှားအယွင်း ဖြစ်ပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး

"စလင်းမြို့နယ်အတွင်း ခဏခဏထိုးနေတဲ့ စစ်ကြောင်းကိုကာဖို့ အတွက် မိုင်း error တက်ပြီး ကျဆုံးသွားတယ်‌ဗျ၊ ရဲဘော် အောင်ဝမ်းတူးက ပွိုင့်တာဝန်ခံရာထူးကို ယူထားပြီး၊ သူ့ဘက် ပွိုင့်အတွက်ဆို ကျနော်တို့အနေနဲ့ လှည့်ကြည့်ဖို့ မလိုအောင်ကို အားကိုးရတယ်ဗျ၊ သူ့ကြောင့်ဘယ်‌တုန်းကမှလဲ စိတ်ညစ်၊စိတ်ရှုပ်ရတာမျိူးလဲမရှိခဲ့ဘူး‌" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကန့်ဘလူမှာ တစ်ပတ်အတွင်း အရပ်သား ၉၀ကျော်ကို စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွား

ကန့်ဘလူမှာ တစ်ပတ်တာအတွင်း အရပ်သား ၉၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။