အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး ရလဒ်တွေအပေါ် အကောင်အထည်ဖော်မှုကို ဘက်စုံပြန်လည်သုံးသပ်တဲ့ ကုလအဆင့်မြင့်အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလို ပြောဆိုခဲ့တာပါ။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်နေပြီး ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ (Personal Scrutinization and Monitoring System) PSMS အသုံးပြုကာ အခြေခံအခွင့်အရေးအားလုံးကို ဆက်လက်ချိုးဖောက်နေတာဟာ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSIS) ရဲ့ ရလဒ်မျှော်မှန်းချက်ကို လက်လှမ်းမမှီတဲ့ အခြေအနေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

“ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ် အုပ်စုက နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေး အားလုံးကို ဆက်လက်ချိုးဖောက်နေခြင်းကြောင့် ဤမျှော် မှန်းချက်သည် လက်လှမ်းမမီနိုင်သည့်အခြေအနေသို့ ရောက်ရှိသွားပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။


ဒါ့အပြင် စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အင်တာနက် ဖြတ်တောက်တာ၊ VPN ကန့်သတ်တာနဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်တွေ၊ လူမှုကွန်ရက်တွေ ပိတ်ပင်တာတွေ လုပ်နေပြီး နိုင်ငံသားအားလုံးရဲ့ သတင်းအချက်အလက် ရယူခွင့်ကို ချိုးဖောက်နေတာဟာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ နဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၁၇ တို့ရဲ့ ပေးထားချက်တွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဤသို့သော အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် လွတ် လပ်မှုလည်း မရှိနိုင်သကဲ့သို့ တရားမျှတမှုလည်း ရှိမည်မဟုတ်၊ အဆိုပါ အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံ တဝှမ်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားကျယ်ပြန့်စေမည်သာဖြစ်သည်” လို့ ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စစ်တပ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖိနှိပ်တဲ့အပြင် သတင်းအချက်အလက် အမှားတွေနဲ့ လိမ်ညာဝါဒဖြန့်တာတွေ လုပ်ဆောင်နေပြီး အဲ့လိုလုပ်ဆောင်ရာမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မီဒီယာအမျိုးမျိုး၊ Telegram အဖွဲ့တွေ၊ Influencer တွေ၊ စစ်တပ်လက်ဝေခံ စစ်အုပ်စု အလိုတော်ရိ သံတမန်တွေနဲ့ ရုံးတွေ ပါဝင်တယ်လို့ ပြောပါတယ်။



“အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပေးရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကော်မရှင်က PSMS ကို အသက်သွင်းပြီး ပြည်သူလူထုကို စောင့်ကြည့်ထောက်လှမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ တိုးပွားနေပြီး အမြဲတစေ ကြောက်ရွံ့ထိတ်လန့်မှုအောက်မှာ နေထိုင်နေရတယ်လို့လည်း ကုလအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်မှ နိုင်ငံခြားသားများကို မိခင်နိုင်ငံများ ပြန်လက်မခံမှာ ထိုင်းအစိုးရ စိုးရိမ်

နိုင်ငံခြားအစိုးရတွေအနေနဲ့ မြန်မာပြည်မှာ ထိန်းသိမ်းခံထားရတဲ့ မိမိနိုင်ငံသားတွေကို အမြန်ဆုံးပြန်ခေါ်အောင် ထိတွေ့ဆက်ဆံဖို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးကို အမိန့်ပေးလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကို အောက်တိုဘာ တတိယပတ်အတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ အောက်တိုဘာလ တတိယပတ်ထဲ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၁၂ ယောက်အထိ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းမြန်မာနယ်စပ် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လက်နက်များရောင်းချပေးနေသည့် ဘီလာရုစ်နိုင်ငံသို့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ လက်မှတ်ရေးထိုး

စစ်ကောင်စီကို စစ်လက်နက်တွေ ရောင်းချနေတဲ့ ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သဘောတူစာချုပ်တချို့ လက်မှတ်ရေးထိုးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ တမူး ပကဖ မှ ရဲဘော် ၁၀ ဦးကို အိန္ဒိယစစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း စိစစ်တွေ့ရှိရဟု NUG ထုတ်ပြန်၊ နယ်စပ် ခြံစည်းရိုးခတ်မှုကို မကန့်ကွက်ရန်လည်း အိန္ဒိယစစ်တပ်က ဖိအားပေး ခံဝန်လက်မှတ်ထိုးခိုင်း

အိန္ဒိယ - မြန်မာနယ်စပ် တမူးမြို့နယ်မှာ ကျဆုံးခဲ့တဲ့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ယောက် ရုပ်အလောင်းတွေကို ပြန်လည်တောင်းယူရာမှာ အိန္ဒိယစစ်တပ်က ဖိအားပေးခံဝန်လက်မှတ်ရေးထိုးခိုင်းတာတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲကို တရားမျှတဖို့မျှော်လင့်ကြောင်း မိုဒီပြော

မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။
Read More

မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ကုလ ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်ဟု ထုတ်ပြန်

ရှေးဟောင်းယဥ်ကျေးမှုဇုန် မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအနေနဲ့ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။