စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network တာဝန်ခံထံက သိရပါတယ်။

ဒီဇင်ဘာ ၁၇ရက် မနေ့ည ၈နာရီခွဲလောက်မှာ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဆည်တောရွာထဲကို ပေါင် ၂၅၀ ခန့် ဗုံးသီး ၂လုံး ကြဲချခဲ့တာကြောင့် ဦးညွန့်ဝေ (၇၀ နှစ်)၊ ဇနီး ဒေါ်မြင့်ကြည် (၇၀ နှစ်)၊ တူဖြစ်သူ မောင်ဇေယျာထွန်း (၂၅ နှစ်) နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၅ ယောက် ရှိပြီး နေအိမ် ၃ လုံး၊ ကား ၁စီး မီးလောင်ပျက်စီးကာ နွား ၃ကောင်လည်း သေဆုံးခဲ့ပါတယ်။

“ဒဏ်ရာရသူတွေက ၅ ယောက်လောက်တော့ ရှိတယ်။ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ ရွာသားတွေက မနေ့ညက နည်းနည်း တိမ်းရှောင်တာတွေတော့ ရှိတယ်။ အခုကတော့ ပုံမှန်ပါပဲ။ ဖိုက်တာသတင်းကတော့ နားစွင့်နေရတယ်” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၈ ရက် ဒီမနက်မှာပဲ ဝက်လက်မြို့နယ် အရှေ့ခြမ်းက သစ်ဆိပ်ရွာထဲကို ကျောက်မြောင်း ခမရ (၁၂) ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဟန်း ၁ ပါးနဲ့ ကလေး၁ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ခန့် ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်း ပစ်ခတ်ခံရ

ရန်ကုန်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးတစ်ယောက်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။
Read More

ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက တပ်ရင်းရှိ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက စားဝတ်နေရေး အခက်အခဲရှိတဲ့ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်ရိက္ခာပို့ဖို့ ကားငှါးရမ်းခ ကုန်ကျငွေကို ပြည်သူဆီက ကောက်ခံ

စစ်ကောင်စီဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်ကို စစ်တပ်ရိက္ခာပို့ဆောင်ဖို့ ကုန်ကားငှါးရမ်းခဆိုပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နေ ပြည်သူတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) က စစ်သားများကို ရာထူးတိုးပေးပြီး စစ်တပ်ထဲမှ မထွက်ရန် စည်းရုံးမှု စတင်…

မကြာမီ စစ်မှုထမ်းကာလ ၂ နှစ်ပြည့်တော့မယ့် အပတ်စဉ် (၁) င စစ်မှုထမ်းတပ်သားတွေကို ရာထူးတိုးပေးပြီး တပ်ထဲကနေ မထွက်ခွာဖို့ စည်းရုံးရေးအတွက် အကြမ်းဖက်စစ်တပ်က စတင်လုပ်ဆောင်နေပြီလို့ တပ်တွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ စစ်မှုထမ်း အပတ်စဉ် (၁) တွေဟာ လာမယ့် ဧပြီလမှာ ၂နှစ်ပြည့်မှာ ဖြစ်ပြီး အဲဒီတပ်သားတွေကို တစ်ဆင့်မြင့်တဲ့ ရာထူးဖြစ်တဲ့ ဒုတပ်ကြပ်အဆင့်ကို တိုးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲထူးချွန်တွေကို ရာထူးပေးလာတာတော့ တွေ့ရတယ်။ အပတ်စဉ် (၁) ကနေ စပြီးတော့ အပတ်စဉ် (၁၄) လောက်ထိ ရှိတယ်ပေါ့နော်” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သရက်ခရိုင်အတွင်း စစ်ကောင်စီက ကာမီကာဇေအသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်လာ

သရက်ခရိုင်အတွင်းက တိုက်ပွဲတွေထဲမှာ အကြမ်းဖက်စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာကြောင်း သရက်ခရိုင်၊ တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

ရဲဘော်ကိုစိုင်း(ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုအပေါ် သတ်ဖြတ်သူတွေနှင့် စေခိုင်းသူများကို တာဝန်ယူပေးဖို့ KNDF-B29 ကရင်ဖြူရဲဘော်များ တောင်းဆို

ပျဉ်းမနားစစ်ကြောင်းမှူးတစ်ဖြစ်လဲ ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ညှင်းပန်းသတ်ဖြတ်ခံရမှုအပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၂၉)၊ တပ်ခွဲ (၁) ကရင်ဖြူ ရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။