ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။

“တော်လှန်မိဘပြည်သူများကို အသိပေးတင်ပြအပ်ပါသည်။ ကျနော်တို့ မဟာမိတ် KNLA တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေပါတယ်။ မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေ အားလုံး လက်နက်နဲ့အတူ မိခင်တပ်ရင်းစီ ပြန်ရောက်မှာပါ။ ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဥ်းပဲရှိပါတယ်။ ဒါကလည်း ပြသာနာမဟုတ်ပါဘူး ခင်ဗျာ” လို့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားလာတာ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ နီးပါးဟာ စစ်ဆင်ရေးကိစ္စနဲ့ ခရီးသွားရင်း ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။



တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်း (၂) က ရဲဘော်နဲ့ တပ်မဟာ (၄) အောက် တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်တို့ အချင်းများရာကနေ အခုလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

KNLA တပ်မဟာ (၄) နဲ့ PDF နည်းဗျူဟာ (၃၃) PDF တွေဟာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စစ်တပ်ကို အတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေ များစွာရှိခဲ့ပါတယ်။

နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက “တော်လှန်မိဘပြည်သူများနှင့် ရဲဘော်ရဲဘက်များကို ကျေးဇူးတင်ပါတယ်။ တခုပြောချင်တာက စစ်အာဏာရှင်နဲ့ စစ်လော်ဘီတွေ အရမ်းဝမ်းသာမနေပါနဲ့ ခင်ဗျားတို့ကို ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ တဆုံးအထိ တိုက်မှာမပူပါနဲ့” လို့လည်း ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးက စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ခံရသူတွေကို ဒေါက်တာတေဇာစန်း အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက် 

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဒေသအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသအုပ်ချုပ်ရေး (ပအဖ)၊ ဒေသကာကွယ်ရေး (ပကဖ) တာဝန်ရှိတွေ ပူးပေါင်းပြီး ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာတေဇာစန်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဖော်ပြထားပါတယ်။ 
Read More

ပဲခူးတိုင်းရှိ ပကဖ ရဲဘော်များကို လက်နက်တပ်ဆင်

ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေကို မတ်လ (၁၆)ရက်မှာ တိုင်း ပကဖ စစ်ရေးတာဝန်ခံက လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့ သတင်းဖော်ပြထားပါတယ်။
Read More

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရပ်တည်ချက်များကို NUCC ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရပ်တည်ချက်တွေကို ဩဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပြီး အခြေခံမူ (၈) ချက်နဲ့ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်ကို ဖော်ပြထားပါတယ်။ NUCC ရဲ့ အခြေခံမူ ၈ ချက်မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး- အောက်ခြေကနေ အထက် (Bottom-up Federalism) ချဉ်းကပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်း သယ်ဆောင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။