ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။

“တော်လှန်မိဘပြည်သူများကို အသိပေးတင်ပြအပ်ပါသည်။ ကျနော်တို့ မဟာမိတ် KNLA တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေပါတယ်။ မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေ အားလုံး လက်နက်နဲ့အတူ မိခင်တပ်ရင်းစီ ပြန်ရောက်မှာပါ။ ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဥ်းပဲရှိပါတယ်။ ဒါကလည်း ပြသာနာမဟုတ်ပါဘူး ခင်ဗျာ” လို့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားလာတာ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ နီးပါးဟာ စစ်ဆင်ရေးကိစ္စနဲ့ ခရီးသွားရင်း ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။



တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်း (၂) က ရဲဘော်နဲ့ တပ်မဟာ (၄) အောက် တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်တို့ အချင်းများရာကနေ အခုလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

KNLA တပ်မဟာ (၄) နဲ့ PDF နည်းဗျူဟာ (၃၃) PDF တွေဟာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စစ်တပ်ကို အတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေ များစွာရှိခဲ့ပါတယ်။

နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက “တော်လှန်မိဘပြည်သူများနှင့် ရဲဘော်ရဲဘက်များကို ကျေးဇူးတင်ပါတယ်။ တခုပြောချင်တာက စစ်အာဏာရှင်နဲ့ စစ်လော်ဘီတွေ အရမ်းဝမ်းသာမနေပါနဲ့ ခင်ဗျားတို့ကို ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ တဆုံးအထိ တိုက်မှာမပူပါနဲ့” လို့လည်း ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

အုတ်ဖိုက ဆည်မြောင်းဝန်ထမ်းမရှိတဲ့ ဂမုန်းဆည် မကျိုးဖို့ PDF တွေ တာဝန်ယူဆောင်ရွက်နေရ

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့နေရတဲ့အလျောက် ဂမုန်းရေလှောင်တမံဟာလည်း ကန်ရေပြည့်အမှတ်ထိ ရောက်ခဲ့ကာ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်မှ ရွေးကောက်ပွဲကို ထိခိုက်စေရန် လှုံ့ဆော်သူများကို အကြမ်းဖက် အရေးယူနေ၊ ဆက်ပြီး အရေးယူဖို့ စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ပြော…

အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်စာတွေ၊ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်စာတွေကို အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေသူတွေကို အရေးယူနေတယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်နောင်က ပြောပါတယ်။
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမှာ လမ်းပိုင်းခြေကုပ်ယူဖို့ ကြိုးစားနေသည့် စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေရာတင် ၃ ယောက် သေပြီး အများအပြားထိခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ အရပ်သားကားတွေကို ချောဆွဲလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။