စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ လက်မခံကြောင်း ကမ္ဘာက သိသာမြင်သာဖြစ်စေမယ့် လှုပ်ရှားမှုအဖြစ် Profile ကမ်ပိန်းပြုလုပ်နေပြီး မိမိလုံခြုံရေး စိတ်ချရသူတွေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်ကြမယ့် ပြည်သူတွေအနေနဲ့ Facebook ၊ X (Twitter) ၊ TikTok ၊ Instagram စတဲ့ ဆိုရှယ်မီဒီယာတွေမှာ “Reject Sham Election” စာသားပါ အောက်ပါဓာတ်ပုံကို Profile Picture အဖြစ် ပြောင်းလဲ အသုံးပြုရမှာဖြစ်ကြောင်း တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ရာ နေရာဒေသတွေက ပြည်သူတွေအနေနဲ့ ပါဝင်ဖို့ အခက်အခဲရှိတာကြောင့် လွတ်မြောက်နယ်မြေနဲ့ ပြည်ပရောက် မြန်မာတွေ၊ လုံခြုံရေးစိတ်ချရသူတွေသာ ပါဝင်ပေးကြဖို့ အသိပေးပါတယ်။

“စစ်အာဏာရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လက်မခံဘူးဆိုတာကို ကမ္ဘာက သိသာမြင်သာစေဖို့ ဒီလှုပ်ရှားမှုကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။ Social Media တွေမှာ Profile Picture ပြောင်းတဲ့သူ ပိုမိုများပြားလာလေလေ၊ မြန်မာပြည်သူတွေဟာ လွတ်လပ်မှုနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ အသံကို ကမ္ဘာကြီးက ပိုမိုသတိထားမိလာစေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် လူများများပါဝင်ဖို့ အရေးကြီးပါတယ်” လို့ People Movement Platform Myanmar ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ မဝတ်မှုန်က ပြောပါတယ်။

အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ အဆိုပါ Profile ကမ်ပိန်းကို ဒီဇင်ဘာ ၁၆ ရက်ကစလို့ အရွေးကောက်ပွဲအတုပြီးတဲ့ ဇန်နဝါရီလ ၃၁ရက်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးပြီး ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူတွင် စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ဦးနှင့် ပြည်သူ (၁) ဦးသေဆုံး၊ (၁) ဦး ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်း ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ယောက်နဲ့ ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေး စစ်ဆေးမှုလုပ်ဆောင်နေသည့် တော်ဝင်ဒေါင်းတပ်ရင်း အမျိုးသမီးစစ်သည်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

မြိတ်-ထားဝယ်ခရိုင်တွင် အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံးကာ ၉ ဦး ဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေး တယောက်သေဆုံးသေဆုံးခဲ့ပြီး ပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟို က သတင်းထုတ်ပြန်ပါတယ်။
Read More

PLA ထိန်းသိမ်းထားသည့် ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို TNLA လွှဲပြောင်းတာဝန်ယူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားရှိရာကနေ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ ဆင်အကောင် ၆၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ (၆) ယောက် ဒေါနတပ်ရင်းဆီ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ် (၃) ၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းကို စစ်ကောင်စီတပ်က တပ်သား (၆) ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။