မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။

အဲဒီ ပူးတွဲထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်အုပ်စုက ကိုထက်မြတ်အောင်ကို ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လို ဖမ်းဆီးသွားတယ်ဆိုတာကို ဖော်ပြမထားပေမယ့် မန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရစဉ် ပြင်းပြင်းထန်ထန် အကြမ်းဖက် ရိုက်နှက်ခံခဲ့ရသလို အသက်အန္တရာယ်ကိုပါ စိုးရိမ်ပူပန်ရတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ကိုထက်မြတ်အောင်ဟာ အသက် ၂၄ နှစ်အရွယ် ကျန်းမာရေး အထူးကောင်းမွန်တဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အဓမ္မ ဖမ်းဆီးခံရပြီးနောက် ကိုထက်မြတ်အောင်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်‌ပေါ်ခဲ့ရင် အကြမ်းဖက်စစ်တပ်အနေနဲ့  လုံးဝ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆို ပါတယ်။ 

အဓမ္မဖမ်းဆီးခံခဲ့ရတဲ့ ကိုထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သလို အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

(ဓာတ်ပုံ GSCB)

ကိုထက်မြတ်အောင် ဖမ်းဆီးခံရမှု အခြေအနေနဲ့ပတ်သက်ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) နဲ့  အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်မှာ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး မန္တလေးမြို့ ဈေးချိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့မှာ လူထုတရပ်လုံး အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ ဆန္ဒပြမှုနဲ့ပတ်သတ်ပြီး အကြမ်းဖက် စစ်တပ်က ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးနဲ့ ကိုထက်မြတ်အောင် အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ) နဲ့ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်းမှာ အမှုဖွင့် ဆုငွေထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်ဖို့ သင်ကြားပေးနေ (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်အောင် အခြေခံစစ်ပညာသင်တန်းကာလကတည်းက ရဲဘော်တွေကို သင်ကြားပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (Myanmar Defense Force) က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရာမညမွန်တပ်တော် ဦးဆောင်ဖွင့်လှစ်သင်ကြားခဲ့သည့် (CQB) သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်း အခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၁) (CQB) သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၃၁) ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ကျန်တဲ့တပ်ဖွဲ့ဝင်တွေ လိုက်လံကန်တော့ပြီး ထောက်ပံ့ကူညီခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ကျန်ရှိတပ်ဖွဲ့ဝင်တွေက သီတင်းကျွတ်ကာလမှာ လိုက်လံကန်တော့ခဲ့တယ်လို့ DOUNG NI People Defence Force-DNPDF က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြိုင်တွင် ပိတ်ဆို့ခံထားရပြီး ငတ်ပြတ်နေသည့် စစ်အုပ်စုရွာကို စစ်ကောင်စီ Y8 လေယာဥ်ဖြင့် ရိက္ခာချပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီက ထောက်ပို့လေယာဥ်နဲ ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။
Read More

ဘိလိယက်ထိုးရင်း ဖမ်းဆီးခံရသည့် ခလရ ၂၅၇ မှ တပ်ရေးဗိုလ်ကြီး ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖူလုံရွာမှာ ဘိလိယက်လာထိုးတဲ့ ခလရ (၂၅၇) တပ်က တပ်ရေးဗိုလ်ကြီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။ ဒီဇင်ဘာ ၃ရက် ညနေ ၄နာရီလောက်မှာ ခလရ (၂၅၇) တပ် ဘေးမှာရှိတဲ့ ဘိလိယက်ခုံမှာ ဘိလိယက်ထိုးနေတဲ့ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ဖမ်းဆီးခေါ်ဆောင်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေဆီက လက်နက်လုပြီး ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဆိုပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။