ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အတွင်း စိတ်ကျန်းမာရေး မကောင်းသူကို ကျားဖြူပါတီဝင်တွေက အလယ်မှာထားကာ ဇော်ဝင်းထွဋ်ရဲ့   စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ကို ပြန်လည်ပြီး သီဆိုကခုန်နေစဉ် မူးလဲခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ စိတ်ကျန်းမာရေးမကောင်းသူမှာ ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတစ်ဝိုက်မှာ ကနေတတ်သူဖြစ်ပြီး အသက်အရွယ်ကြီးရင့်ပေမယ့် လူငယ်တစ်ယောက်လို ကနေတတ်တဲ့အတွက်  လူမှုကွန်ရက်သုံးစွဲသူတွေက ပျော်စရာအဖြစ် မျှဝေလေ့ရှိသူ ဖြစ်ပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

သံမိုးတောင်ကျေးရွာမှာ နေအိမ်နဲ့ ဘာသာရေးကျောင်းဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) တောင်ငူခရိုင်၊ သံမိုးတောင် ကျေးရွာမှာ ဧပြီ ၇ ရက် နံနက်ပိုင်းက နေအိမ်နဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန် လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

စက်တပ်လေထီး ကြဲချပြီး မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများ မထိခိုက်စေရန် ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးကနေ ကြဲချထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က ရုပ်သံမှတ်တမ်းဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

KNDF တပ်ရင်း ၃ ထံ စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားသစ် စုဆောင်းခံရသူ ၁၄ ယောက် ဘက်ပြောင်းလာ (ရုပ်/သံ)

KNDF တပ်ရင်း ၃ ထံ ဖေဖော်ဝါရီလ ၁ လအတွင်း စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့ခံရသူ ၁၄ ယောက် ဘက်ပြောင်းခိုလှုံရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် ရဲဘော် PK (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် PK ရဲ့ နာရေးစျာပနကို ပြုလုပ်ခဲ့တယ်လို့ တောင်ငူခရိုင် အမှတ် ၃ တပ်ရင်း P2-3503 က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်အတွင်း သံချပ်ကာယာဉ်နှင့် တင့်ကားအပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာဘက်ကနေ ကန်ဘောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

ထိုင်းတောင်ပိုင်း ဟတ်ရိုင်မြို့ ရေကြီးမှုတွင်မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း အခက်ကြုံ (ရုပ်/သံ)

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ရိုင်မြို့မှာ သမိုင်းတလျှောက် စံချိန်တင်ရေကြီးမှုဖြစ်ပေါ်နေတဲ့အတွက် အိမ်ထောင်စုပေါင်း ၂ သိန်းကျော်၊ လူဦးရေ ၆ သိန်းကျော် ရေဘေးသင့်နေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ဒုက္ခကြုံတွေ့နေရပါတယ်။