မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

အခြေခံစစ်ပညာသင်တန်းကို သင်တန်းသား ၇၀ ကျော် တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၂ လတာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ မြိုင်ပကဖတပ်ဖွဲ့ဝင်တွေသာမက ကမ္မတပ်ပေါင်းစုက သင်တန်းသားတွေ၊ ဒေါင်းရင်သွေး(မြစ်ခြေ) တပ်ဖွဲ့ သင်တန်းသားတွေ၊ Joker ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ) သင်တန်းတွေ၊ လရောင်ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ) သင်တန်းသားတွေ၊ BURMA Federal Column-BFC သင်တန်းသားတွေပါ စုစည်းပြီး လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို မြိုင်ပကဖ တာဝန်ရှိသူတွေ၊ မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် ( Magway- PDF) တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ တပ်ဖွဲ့အသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Video – မြိုင်ပကဖ

0 Shares:
You May Also Like
Read More

ဘေးဘရာတွေ ကင်းဝေးစေရန် ဘယာကြော်ကျွေးပြီး မဲဆွယ်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် PPP အမတ်လောင်း (ရုပ်/သံ)

ဘေးဘရာတွေ ကင်းဝေးဖို့ ဘယာကြော်ကျွေးနေတယ်လို့ ပြောဆိုကာ မဲဆွယ်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP အမတ်လောင်းတစ်ယောက်ရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၁ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီတပ် (SNA) ၏ ဂျန်မာတင်ယာဉ်ကို KIA ပူးပေါင်းတပ် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာရှိ စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ ရှမ်းနီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်စဉ် ဂျန်မာတင်ယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောနှင့် တွဲယာဉ်များအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲယာဉ်တွေကို ရှေ့ထွက်မိုင်း‌တွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကြားဖြတ်တိုက်ခိုက်မှု ယာဉ်ကြီး ၅ စီး သိမ်းဆည်းရရှိပြီး စစ်သား ၉ ယောက်သေ၊ ၇ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ၁၀ စီးယာဉ်တန်းကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Brothers Revolution Force-Monywa အဖွဲ့ထံက သိရပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် “အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ” ကမ်ပိန်း (ရုပ်/သံ)

ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းက ရှေ့တန်းရောက်ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် "အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ" ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။