အကြမ်းဖက် အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထားသူ ၂၂၉ ယောက်ရှိပြီလို့ စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထုတ်ပြောခဲ့ပါတယ်။

ဒီစာရင်းဟာ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဖမ်းဆီးထားတဲ့ စာရင်းဖြစ်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တဲ့အမှု ၁၄၀ အထိ ရှိပြီလို့ ဆိုပါတယ်။

“ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဥ်တွေ ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူတာတွေ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်အထိ တရားခံ အမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၂၈ ဦး၊ စုစုပေါင်း ၂၂၉ ဦးရှိခဲ့ရာ ဆက်လက်ပြီး ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်ကာ ထိရောက်စွာ အရေးယူသွားဖို့ လိုအပ်တယ်” လို့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲ လုံခြုံရေးဗဟိုကော်မတီနဲ့ တွေ့ဆုံချိန်မှာ ကြိမ်းဝါးပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနေ့ နေ့လယ်ပိုင်းမှာ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး စစ်တပ် ပြည်ထဲရေးဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲအတုကို အကြောင်းပြပြီး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားသူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ စတဲ့ အနုပညာရှင်တွေနဲ့ သာမန် အရပ်သားပြည်သူတွေ ပါဝင်သလို တော်လှန်ရေးအင်အားစုထဲက ခေါင်းဆောင်တချို့ကိုလည်း တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦး ပ.က.ဖ တပ်ခွဲဲ (၃) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် 21 Bagan-People Defense Force အနေဖြင့် Local PDF အဖြစ် ပြောင်းလဲရပ်တည်မည်

ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ ၃ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ 21 Bagan - People Defense Force ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး Local PDF အဖြစ် တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ပြည်နယ် မောင်တောမှာ စစ်ရှောင်တွေနေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြားသားကျေးရွာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ရေးအရ ရှုံးနိမ့်မှုများကို တန်ပြန်ရန် စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်စွာ စစ်သားစုဆောင်းနေ၊ လူငယ် ၇၀၀၀၀ နီးပါးကို စစ်သားသစ်စုဆောင်းထားဟု NUG ပြော…

"လိုအပ်တဲ့အရေအတွက် မပြည့်မီပါက ဗဟိုအဖွဲ့က သတ်မှတ်ပေးထားတဲ့ နည်းလမ်းတစ်မျိုးမျိုးနဲ့ ရွေးချယ်နိုင်ကြောင်း မိသားစုအတွင်း စစ်မှုထမ်းသူ ရှိနေလင့်ကစား ကျန်အကျုံးဝင်သူတွေကိုလည်း ခေါ်ယူမှာ ဖြစ်ကြောင်း၊ စစ်မှုထမ်းဖို့ ပျက်ကွက်ပါက မိသားစုဝင်တွေကိုပါ အရေးယူမှာဖြစ်ကြောင်း စစ်မှုထမ်းပြီးသူတွေအပါအဝင် ဘယ်သူ့ကိုမဆို အရေးပေါ်အခြေအနေ အကြောင်းပြချက်နဲ့ ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွင့်ကိုလည်း တားမြစ်နိုင်ကြောင်း၊ စစ်သင်တန်းပြီးပါက စစ်ကောင်စီ စေလွှတ်မယ့် နေရာတွေကို သွားရမှာဖြစ်ကြောင်း စတဲ့ အချက်တွေနဲ့ ထင်ရာစိုင်းပြီး နိုင်ငံသားတွေအပေါ် ရက်စက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်လက်ပါးစေ အကြမ်းဖက်စစ်တပ်ကို အင်အားဖြည့်တင်းလျက်ရှိပါတယ်။" လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ဆိုပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းတွင် သေဆုံးသူ ၃၀ဦးအထက်ရှိလာပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး ထွက်လာသည့်စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။