ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်း စုဆောင်းပေးနေတဲ့ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၄) ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက် နေ့လယ် ၂ နာရီအချိန်မှာ သဲကုန်းမြို့နယ်၊ ညောင်ပင်စုကျေးရွာက အဆိုပါ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူ သန်းဇော်ဟာ ကျေးရွာထဲက ကြက်ဝိုင်းကိုရောက်နေချိန် တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်ရှင်းလင်းရာ နေရာမှာတင် ပွဲချင်းပြီး‌ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သူ့ကိုရှင်းဖို့အတွက် ကျနော်တို့ အစစအရာရာ အချိန်ယူပြီး ရှင်းခဲ့ရပါတယ်။ မြို့နယ်အနီးတဝိုက် ရဲစခန်းတို့၊ တပ်တို့နဲ့ အနီးကို သွားပြီးမှ ရှင်းလင်းရေး လုပ်ဆောင်ရတာဆိုတော့ ဒုက္ခတွေတော့ ခံခဲ့ရပါတယ်။ ကြက်ဝိုင်းထဲ ဝင်ရှင်းတော့ ကျနော်တို့တွေက အနားကပ်ပြီးမှ ရှင်းတာဆိုတော့ တခြားသူတွေတော့ ထိခိုက်မှုမရှိပါဘူး။ တခြားသူတွေက ထွက်ပြေးကုန်တယ်” လို့ ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

သန်းဇော်ဆိုသူဟာ စစ်တပ်အတွက် စစ်မှုထမ်းတပ်သားတွေကို ရှာဖွေစုဆောင်းပေးသူဖြစ်သလို ၂လုံး၊ ၃လုံးနဲ့ ကြက်ဝိုင်းထောင်ကာ စစ်တပ်အတွက် ငွေရှာပေးနေသူလည်း ဖြစ်တာကြောင့် အကြိမ်ကြိမ်သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နားမထောင်ခဲ့ဘူးလို့ ဆိုပါတယ်။

“သူက ပြည်သူတွေကို တိုင်တာတွေလည်းရှိတယ်။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ရွာထဲနေလို့မရအောင် လုပ်လို့ အကုန်လုံး တိမ်းရှောင်နေရတယ်။ သူ့ကြောင့်ပဲ ရဲဘော် ၃ဦး ဖမ်းခံရပြီး စစ်ကြောရေးမှာ ကျသွားလည်း ရှိတယ်။ သူတို့လာတိုင်သူတွေ ရှိတယ်။ အစပိုင်းက ကျနော်တို့လည်း အဲ့နားကို မကပ်နိုင်သေးဘူး။ အခု ကပ်လာနိုင်တဲ့ အချိန်မှပဲပေါ့နော်။ သူ့ကို အကြိမ်ကြိမ်သတိပေးတယ်။ အကြိမ်ကြိမ်ဆိုတာတောင် ၅ကြိမ်ထက်မနည်း ကျနော်တို့ သတိပေးထားတာ၊ အဲ့ဒါကို ဆက်လုပ်နေတာ” လို့ ရဲဘော် Shadow က ပြောပါတယ်။

၃၆၀၁ တပ်ရင်းအနေနဲ့ စစ်တပ်ထောက်တိုင် ဒလန်တွေကို ဆက်လက်ရှင်းလင်းသွားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်တပ် ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ အကြိမ်ကြိမ် သတိပေးထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၈) တပ်ရင်း - ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖလမ်းအနောက်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများ ရှိ၊ သုံ့ပန်း၂ ဦးနှင့် လက်နက်များရရှိထားဟု CNDF ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သား၂ ယောက် အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ MNDAA ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ဆို

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ MNDAA ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေတယ်လို့ ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်လိုက်ပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ ကိုးကန့်တပ်မတော်က အသိပေးကြေညာလိုက်ပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA က ထုတ်ပြန်ထားပါတယ်။