မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေစက်တော်ဘုရားဖွင့်ပွဲအတွက် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို မန်းချောင်းအနောက်ဘက် ကုတင်ကုန်းရွာအနီးနဲ့ လက်ပတောရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက် သေဆုံးကာ အနည်းဆုံး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ ရွှေကြောင်းရွာနဲ့ ကူရွာနေ ပြည်သူ ၂ ယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေအနီး သွားလာနေထိုင်ခြင်းမပြုလုပ်ကြဖို့နဲ့ အဝေးမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

 Video – မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ်အတွင်း အင်အားအလုံးအရင်း ဝင်လာသည့် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မောတောင်စခန်းတိုက်ပွဲအတွင်း စစ်ကောက်မရှင်တပ် ဒုတပ်ရင်းမှူးက ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ (ရုပ်/သံ)

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာကို တစ်ပတ်ကြာ ကြိုသိခဲ့ပေမယ့် စစ်တပ်တာဝန်ရှိသူတွေက ဘာမှပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူးလို့ မောတောင်စခန်းမှာ ဖမ်းဆီးမိခဲ့တဲ့ စစ်သုံ့ပန်းတွေက ဆိုပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာတဲ့ ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာကြတဲ့ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ပဲခူးရိုးမအနောက်ခြမ်းမြို့နယ်များ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များ တစ်ပြိုင်နက် တိုက်ခိုက်သိမ်းပိုက်၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ဦးခန့် သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်းထဲက ကပစ (၂၁) နဲ့ ကပစ (၂၅)ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူနဲ့ ဆော မြို့နယ်များအတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) စက်ရုံတွေကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PDF ဂန့်ဂေါခရိုင် တပ်ရင်း (၆) က ယမန်‌နေ့က ထုတ်ပြန်ခဲ့ပါတယ်။