မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေစက်တော်ဘုရားဖွင့်ပွဲအတွက် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို မန်းချောင်းအနောက်ဘက် ကုတင်ကုန်းရွာအနီးနဲ့ လက်ပတောရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက် သေဆုံးကာ အနည်းဆုံး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ ရွှေကြောင်းရွာနဲ့ ကူရွာနေ ပြည်သူ ၂ ယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေအနီး သွားလာနေထိုင်ခြင်းမပြုလုပ်ကြဖို့နဲ့ အဝေးမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

 Video – မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း

0 Shares:
You May Also Like
Read More

တိုက်ပွဲပြင်းထန်လာတဲ့ ဗန်းမော်မြို့မှာ ပြည်သူများ မြို့လုံးကျွတ်စစ်ဘေး‌ရှောင် (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာတဲ့အတွက် ပြည်သူများ မြို့ လုံးကျွတ်စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက်‌သေ (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံရအပြီး လုပ်သားထောင်ချီ နေရပ်ပြန် (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံလာရခြင်းနဲ့အတူ ထောင်ချီတဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ နေရပ်ပြန်လျက်ရှိပါတယ်။
Read More

မိုးဗြဲ-ကုန်းသာ-လွိုင်ကော် လမ်းမကြီးများကို စစ်တပ် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း မိုးဗြဲ-ကုန်းသာ-လွိုင်ကော်လမ်းမကြီးတွေကို အကြမ်းဖက်စစ်ကောင်စီ တပ်တွေက သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးနေကြောင်း Karenni Nationalities Defense Force - KNDF BO3 က ထုတ်ပြန်အသိပေးထားပါတယ်။
Read More

PDF ရဲဘော်များ သီဆိုထားသည့် သုည၏အားမာန် (ရုပ်/သံ)

စစ်အာဏာရှင်တွေကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်တွေ ဘဝတွေ ပေးဆပ်ကာ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တွေအတွက် ရေးစပ်ထားတဲ့ သုည၏အားမာန် သီချင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ကတဆင့် မျှဝေထားပါတယ်။
Read More

ထားဝယ်မြစ်အတွင်း လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို လောင်းလုံးပကဖရဲဘော်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ ထားဝယ်မြို့ကို လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို ထားဝယ်မြစ်အတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေး (ပကဖ)ရဲဘော်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Launglone People Defence Force- LLPDF အဖွဲ့ထံက သိရပါတယ်။