အကြမ်းဖက်စစ်အုပ်စုကို တပ်ပေါင်းစုအင်အားနဲ့သာ ဖြိုချနိုင်မယ်လို့ ယုံကြည်တဲ့အတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာ အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ခဲ့ကြောင်းနဲ့ ကပစစက်ရုံတွေရှိရာ နိုင်ငံအလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ တပ်ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ် ပြည့်မြောက်ခဲ့တာဖြစ်ပြီး စတင်ခဲ့ချိန်ကအတိုင်း စစ်အုပ်စုကို ဘုံရန်သူအဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်နေကြောင်း ပြောပါတယ်။

“ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ၄ နှစ်တာ စစ်ရေးအတွေ့အကြုံတွေထဲ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ရတဲ့ စစ်ရေးအတွေ့အကြုံတွေကတော့ အားရကျေနပ်ဖို့ ကောင်းပါတယ်။ အခု ၄ နှစ်တာကာလရှိလာပြီးတဲ့တိုင် ကျနော်တို့ရဲ့ ရှုမြင်ပုံဟာ အရင်ကနဲ့ မကွာခြားသွားပါဘူး။ စစ်တပ်ကို ဘုံရန်သူအဖြစ် ရန်ငါ ပြတ်ပြတ်နဲ့ ဆက်လက်တိုက်ခိုက်နေကြပါတယ်” လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မကွေးတိုင်းတောင်ဘက်ခြမ်းမှာ အဓိကလှုပ်ရှားတဲ့ PIO/PIA အနေနဲ့ တိုက်ပွဲတွေဖော်ဆောင်ရာမှာ နယ်မြေအခြေအနေတွေနဲ့ စစ်အုပ်စု ဖိအားတွေကြောင့် သတင်းထုတ်ပြန်တာမျိုးတွေမှာ အားနည်းခဲ့ပြီး ဒီအချက်တွေကြောင့်ပဲ ခဲယမ်းအပါအဝင် တပ်လိုအပ်ချက်တွေ အချိန်မှီဖြည့်တင်းနိုင်ဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“လက်ရှိ မဟာမိတ်တွေနဲ့အတူတူ လှုပ်ရှားတိုက်ပွဲဝင်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ရန်သူ့ရဲ့ အသည်းနှလုံးနေရာတွေဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံတွေရှိရာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ဖြစ်ပါတယ်” လို့ PIO/PIA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/ PIA) ရဲ့ ၄နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနဲ့ အပတ်စဥ်(၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၄ ဖွဲ့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

PIO/PIA ဟာ လက်ရှိ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်း အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ထားပြီး တပ်ပေါင်းစုအင်အားနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ဖို့ရှိနေကြောင်း ပြောပါတယ်။

“ကျနော်တို့ တပ်တော် စတင်တည်ထောင်ကတည်းက တပ်ပေါင်းစုနဲ့မှ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီလို ယုံကြည်တဲ့အတွက်လည်း အခုတပ်ပေါင်းစုဖွဲ့တဲ့အခါမှာလည်း တက်တက်ကြွကြွပါဝင်ဖြစ်ခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ကို တိုက်တဲ့အခါမှာ တစ်စုတစ်ဖွဲ့တည်းနဲ့ ဒီအချိန်မှာ ထိရောက်တဲ့ ထိရောက်မှုရှိမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် မဟာမိတ်တပ်တွေ စုဖွဲ့ပြီးတော့ အဲ့ဒီ အမိန့်ပေးကွပ်ကဲမှုအောက်မှာ တိုက်ပွဲဝင်ဖို့ ရည်ရွယ်ပြီး စုဖွဲ့ခဲ့ကြတာပါ” လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တပ်ကုန်းမှာ ရွေးကောက်ပွဲအတုကို လုံခြုံရေးပေးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ဦး သေဆုံး

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိသွားတယ်လို့ PDF Tatkon ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

၃ လကြာ ပိတ်မိခဲ့သည့် အင်အားထောင်ချီပါ အကြမ်းဖက်စစ်ကြောင်း ပေါက်မြို့အတွင်း ဆက်လက် ဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီ ပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ မြေပြင်ဝေဟင် အကူအညီတွေ အသည်းအသန်သုံးရင်း ပေါက်မြို့ထဲ ဆက်လက်ဝင်ရောက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။ 
Read More

ဗန်းမော်၊ မိုးမော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဆိုင်းတောင်အနီးက လူနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်အနီးက နေအိမ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးမှု အချို့ပြုလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လာပါတယ်။
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။
Read More

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရဲ့ ထောက်ခံယုံကြည်မှုရထားဟု မင်းအောင်လှိုင် ခပ်တည်တည်နှင့်ပြော

စစ်ကောင်စီက ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ အပြည့်အ၀ ထောက်ခံယုံကြည်မှုတွေ ရရှိထားပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရွှေဘိုတွင် ပျူစောထီးရွာကိုသွားသည့် ဒုရဲအုပ်နှင့် ရဲတပ်သား ကြားဖြတ်ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို သွားတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်လုံး သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။