ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဗျူဟာ (၂၂) တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၂ရက် ည ၈ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်သား အင်အား ၇၀ ဝန်းကျင်ဟာ ဒမငယ်ရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ကာ စစ်အုပ်စုဘက်က တစ်ပွင့်ဗိုလ်အပါ ၁၁ ယောက် သေဆုံးခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က နတ်တလင်းဘက်ကနေ စစ်ကြောင်းတွေ ကားတွေနဲ့ တက်လာကြတာပါ။ ထိတွေ့မှုပြီးတော့ စကမတွေက နောက်ကို အကုန်ပြန်ဆုတ်ပြေးကြတာပေါ့။ တချို့ လူစုကွဲတာတွေတော့ ရှိမယ်။ တချို့ နီးစပ်ရာ ပျူရွာတွေဘက်နဲ့ နတ်တလင်းဘက်ကို ပြန်ဆုတ်ကြတယ်” လို့ ဗျူဟာ (၂၂) တာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင်တပ်ရင်း ၁၊ တပ်ခွဲ (၂၊ ၃၊ ၄၊ ၆၊ ၇)၊ တပ်ရင်းဒရုန်းတပ်ဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၁ နဲ့ နတ်တလင်း ပကဖ၊ ဇီးကုန်း ပကဖ၊ Spring Bees UAV Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း MA 1 ၁လက်၊ MA 11 ၁လက်၊ MA 5 ၁လက်နဲ့ စကားပြောစက်၊ ကျည်ဘောက်၊ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒီဇင်ဘာလ ၁၄ရက်‌၊ မနက် ၆ နာရီကျော်လောက်မှာလည်း ဒမငယ်တိုက်ပွဲကနေ လူစုကွဲပြီး ထွက်ပြေးနေတဲ့ စစ်ကော်မရှင်တပ်သားတစ်ယောက်နဲ့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုဖြစ်ပွားပြီး အဆိုပါ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးခဲ့ပါသေးတယ်။ 

ထိတွေ့တိုက်ပွဲတွေကြောင့် ဒမငယ်ကျေးရွာနေ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရသလို ဒေသခံတွေရဲ့ နေအိမ်တွေကိုလည်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ နေ့စဉ်နီးပါး ဗုံးကြဲနေ၊ မနေ့က တိုက်ခိုက်မှုကြောင့်  အဘွားအို ၁ ဦး သေဆုံးပြီး ကလေးငယ်အပါ ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ‌ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲတိုက်ခိုက်ရာ အဘွားအို  ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း (၇) တပ်ရင်းမှူးရဲ့ ရက်လည်ဆွမ်းသွပ်… (ဓာတ်ပုံသတင်း)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း(၇) ရဲ့ တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီးကို ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူကာ ကုသိုလ်ပြုအမျှပေးဝေခဲ့တယ်လို့ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့အရေး သက်ဆိုင်သူများ၏ လိုလားချက်စာရင်းကို ကိုင်ပြီး စစ်ခေါင်းဆောင်နှင့် ဆွေးနွေးမည်ဟု မလေးရှား ပြော

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဟာ အာဆီယံရဲ့ ကာလရှည်ကြာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို တွန်းနှိုးတဲ့အနေနဲ့ လာမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာအစောပိုင်းမှာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး သူစုစည်းထားတဲ့ “လိုလားချက်စာရင်း” နဲ့အတူ စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ Free Malaysia Today သတင်းမှာ ရေးသားထားပါတယ်။