စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပေါက်ပင်ရွာနဲ့ နဂါတွင်းရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Monywa Revolution -MR က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ မုံရွာမြို့တောင်ဘက်ရှိ စွမ်းရည်ထက်ဆီဆိုင်ကနေ ထနောင်းတောင်ရွာ၊ ထနောင်းတော‌မြောက်ရွာ၊ ပေါက်ပင်ရွာ၊ နဂါတွင်းရွာ၊ မြင်သာရွာ၊ မင်းကုန်းရွာ၊ ဆူးလေကုန်းရွာ၊ ထန်းလေးပင်ရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့လယ်ပိုင်းမှာ ပေါက်ပင်ရွာရှိ အရပ်သားနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးပြီး နဂါးတွင်းရွာရှိ နေအိမ် ၅၀ ခန့်ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ခံရပြီး ပျက်စီးသွားတဲ့ အရပ်သားပြည်သူတွေအတွက် အမိုးအကာ၊ စောင်နဲ့ အနွေးထည်တွေ လိုအပ်နေပြီး ပါဝင်လှူဒါန်းပေးကြဖို့ Monywa Revolution က အသိပေးနှိုးဆော်ထားပါတယ်။

Video – Monywa Revolution

0 Shares:
You May Also Like
Read More

အခြေခံစစ်ပညာသင်တန်းတက်ရောက်နေကြတဲ့ Northwest Plains Revolutionary Forces ရဲဘော်တွေ ရုပ်သံထုတ်ပြန် (ရုပ်/သံ)

Northwest Plains Revolutionary Forces ရဲ့ အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းတက် ရောက်နေတဲ့ ရဲဘော်တွေကို စစ်ရေးလေ့ကျင့်နေတဲ့ ပုံရိပ်ရုပ်သံမှတ်တမ်းဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဥ်းသားများပါလာတဲ့ ကားကို တိုက်ခိုက်ပြီး အကျဥ်းသား ရဲဘော် ၁ ဦးကို PDF များ ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဥ်းသားတွေ တင်ဆောင်လာတဲ့ ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ပြီး အကျဥ်းသား တော်လှန်ရေး ရဲဘော် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲဒဏ်ခံနိုင်သည့် မြေအောက်ဆေးရုံဆေးခန်းများ ဆောက်ရန် လိုလာပြီဟု ဒေါက်တာဇော်ဝေစိုး ပြောကြား (ရုပ်/သံ)

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲဒဏ်ခံနိုင်တဲ့ ရှေ့တန်း၊ နောက်တန်း မြေပြင်မှာရှိတဲ့ ဆေးရုံဆေး ခန်းတွေကို မြေအောက်ဆေးရုံဆေးခန်းတွေ တည်ဆောက်ဖို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
Read More

ငါန်းဇွန်မြို့ စက်မှုဇုန်အနီး တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရ (ရုပ်/သံ)

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ က ထုတ်ပြန်ပါတယ်။မတ်လ ၂၁ ရက်၊ မနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီးမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေဟာ ဘဏ်နဲ့ မီတာ (၃၀၀) ခန့် အကွာမှာ ခရီးသွားပြည်သူတွေကို ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစခန်းကို နိုဝင်ဘာ ၁၄ ရက် မနေ့က မနက်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ် လယ်ဝိုင်းကြီးကျွန်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် လယ်ဝိုင်းကြီးကျွန်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702မှ မေလ ၃ ရက်ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။