ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ (၆၁)ကြိမ် မြောက် မျက်နှာစုံညီ အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး အရည်အချင်းစစ် ကော်မတီရဲ့ အစီရင်ခံစာကို မဲမခွဲဘဲ အခုလို အတည်ပြု ချမှတ်ခဲ့တာလို့ သိရပါတယ်။

“မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေအား ဤကုလသမဂ္ဂ မျက်နှာစာမှတစ်ဆင့် နိုင်ငံတကာသို့ အသိပေးတင်ပြပြောကြားကာ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင် စနစ်နှင့် တရားမဝင် စစ်အာဏာသိမ်းမှုတို့ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေး၊ မြန်မာပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများအား မရပ်မနား ကျူးလွန်လျက်ရှိသော တရားခံ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏အပေါင်းအပါများအား နိုင်ငံတကာ တရားစီရင်မှုများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေးတို့အတွက် မြန်မာပြည်သူများမှ ကြိုးပမ်း ဆောင်ရွက်နေမှုများကို သိရှိစေရန်၊ အရေးယူဆောင်ရွက်မှုများ ရှိလာစေရန် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါသည်” လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်တဲ့  မြန်မာကိုယ်စား လှယ်အဖွဲ့ဟာ အရင်နှစ်တွေလိုပဲ  ကုလသမဂ္ဂအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ဆက်လက်ပါဝင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း ၂၉၃၁ ခုတွင် အတုအယောင် ရွေးကောက်ပွဲ မလုပ်နိုင်တော့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်

အတုအယောင် ရွေးကောက်ပွဲနီးကပ်လာချိန် တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုမှာ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအတု လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၆ရက်နဲ့ ၇ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၂၀၂ မြို့နယ်ထဲက ရပ်ကွက်ပေါင်း ၁၆၁ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၇၇၀ မှာ ရွေးကောက်ပွဲလုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ – စာနာသင်္ကြန် ကိုရီးယားမှာ ပြုလုပ်ရာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်

ကိုးရီးယားသမ္မတနိုင်ငံ၊ ဘူဖြောင်းဘူတာရှေ့မှာ ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ - စာနာသင်္ကြန်ကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးခေါင်းဆောင်ကို သွားရောက်ရှင်းလင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီမှ မိုင်းသမားရဲဘော် ၁ ဦး ကျဆုံးခဲ့

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ပျူစောထီးခေါင်းဆောင် အိုးပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဘိုကွီး(ခ) ခင်မောင်လတ်ကို သွားရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဥ်အတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် လှကြီး (ခ) ထွန်းထွန်းနိုင်ကို ဂူသွင်းသဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီက ထုတ်ပြန်ပါတယ်။
Read More

ရေဦးက စစ်ဘေးမီးဘေးသင့် ပြည်သူတွေကို စောင်ခြုံတွေ လှူဒါန်း (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က စစ်ဘေးသင့် မီးဘေးသင့် ပြည်သူတွေကို "ကံစမ်းရင်းလှူ လှူရင်းကံစမ်းကြသူများ" နဲ့ "ကြယ်ငါးကောက်သူများအဖွဲ့" တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ "ဒီပဲယင်းမြိုနယ်ညီနောင်များ" ရဲ့ကိုယ်စား ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) တို့အဖွဲ့က အနွေးခြုံစောင်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလအတွင်း စစ်ရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးကုသပေးခဲ့

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့က လက်ထောက်အထွေထွေ အတွင်းရေးမှူး (၁) ဦးဆောင်တဲ့ ဆေးတပ်သားတွေနဲ့ CDM ဆရာမတွေက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။