ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ဟာ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်တဲ့ အကူအညီတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်က ကရင်နီပြည်နယ်မှာ KPPA ရဲ့ ဒုတိယညီလာခံ ကျင်းပပြီးတဲ့နောက် ရှေ့ဆက်လုပ်ငန်းစဉ်တွေအနေနဲ့ အဆိုပါ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာလို့ သိရပါတယ်။

ညီလာခံမှာ ကရင်နီနိုင်ငံရေး အကျဉ်းသား/သူဟောင်း ၃၈ ယောက် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံမူဝါဒတွေကို ပြန်လည် ပြင်ဆင်၊ သုံးသပ်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေနဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ သိရပါတဘ်။

ဆုံးဖြတ်ချက်အနေနဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေ ပြန်လည်လွတ်မြောက်လာပြီးနောက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရှိအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်ရာမှာလည်း ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားအတွက် အာမခံတဲ့ နိုင်ငံရေးစနစ်မှာ ပါဝင်ဆောင်ရွက်သွားမယ့်အကြောင်း ပါရှိပါတယ်။

“လွတ်မြောက်လာသူတွေကို သွားကြိုတယ်ပေါ့နော်၊ သယ်ယူပို့ဆောင်ပေးတာတွေ နေရာထိုင်ခင်းပေးတာတွေ ရှိပါတယ်။ ပြီးရင် အလုပ်အကိုင်အတွက်လည်း ချိတ်ဆက်ရှာဖွေတာတွေ ရှိတယ်။ ပညာ ဆက်လက်သင်ကြားချင်သူတွေကိုလည်း ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ နောက် စိတ်ကျန်းမာရေးပိုင်းဆိုရင်လည်း Mental Health program တွေကို ကျနော်တို့ online ကနေ ဆောင်ရွက်ပေးနေတာရှိပါတယ်” လို့ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသား/သူတွေကို စောင့်ရှောက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး KPPA အတွင်းရေးမှူး ထားဖိုးက မောင်းကို ပြောပါတယ်။

ဒါပေမယ့် စစ်တပ်ကနေ ရှေ့လပိုင်းတုန်းက လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေထဲမှာ ကရင်နီထောင်မှာ ကျခံနေရသူ ၁ယောက်နဲ့ နေပြည်တော်ထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ကရင်နီသူ ၁ယောက်သာ လွတ်လာခဲ့တယ်လို့ ဆိုပါတယ်။

KPPA ဟာ အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမှာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း အပြင်းအထန်ကန့်ကွက်တဲ့အပြင် ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှာ ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံစောင့် စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်၊ စစ်ကောင်စီတပ်သား ၇ယောက်သေပြီး ရဲစခန်းပတ်ပတ်လည်က အတားအဆီးတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တညောင်တိုက်နယ် ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံမှာရှိတဲ့ စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရှိကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

သာယာဝတီက အနှိပ်ခန်းမှာ ရဲအချင်းချင်း စကားများ ပစ်ခတ်လို့ ရဲအုပ်သေ

ပဲခူးတိုင်း၊ သာယာဝမြို့၊ ဆရာစံမြို့သစ်က အနှိပ်ခန်းတစ်ခုမှာ ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအုပ် ၁ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆရာစံမြို့သစ်မှာရှိတဲ့…