အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် ဒီအပေါ် မဟုတ်မမှန်ကြောင်း စစ်ကော်မရှင်က ငြင်းဆိုချက် ထုတ်ပြန်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဖမ်းဆီးထားမှန်းတောင် မသိရပေမယ့် ကျန်းမာရေး ကောင်းမွန်နေပြီး မကြာခင် ကျင်းပမယ့် သူတို့ရဲ့ ရွေးကောက်ပွဲအတုကို နှောင့်ယှက်ချင်တာကြောင့် အခုလို သတင်းတုတွေ အချိန်ကိုက် ဖြန့်ဝေနေကြတာဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်က ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဲလိမ်လည်မှု၊ အဂတိလိုက်စားမှု၊ ဆူပူအောင်လှုံ့ဆော်မှုတွေနဲ့ မတရားစွပ်စွဲကာ ထောင် ၂၇ နှစ် ချမှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ စွပ်စွဲချက်တွေအပေါ် ငြင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီရက်ပိုင်းအတွက် နိုင်ငံတကာ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေဆိုရာမှာ မိခင်ဖြစ်သူဟာ အကျဥ်းထောင်ထဲမှာ ကွယ်လွန်နှင့်ပြီး ဖြစ်မှာကို စိုးရိမ်မိကြောင်း ပြောဆိုထားတာဖြစ်ပါတယ်။

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ရော၊ ရှေ့နေအဖွဲ့တွေနဲ့ပါ နှစ်တွေကြာအောင် တွေ့ခွင့်မပေးသလို ပြီးခဲ့တဲ့ နှစ်တွေက အကျဥ်းထောင်ထဲမှာ ကျန်းမာရေးသိပ်မကောင်းဘူးလို့ ကြားသိရတဲ့အတွက် ကိုထိန်လင်းက အခုလိုတွေ ပြောဆိုလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်က မြန်မာ့အရေးဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကို လိုက်နာမှု မရှိသလို အာဆီယံအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုတာကိုလည်း ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ စစ်တပ်က စာထုတ်ပေမယ့် အကျဥ်းကျနေတဲ့ မိခင်နဲ့ သားကို ပေးမတွေ့နိုင်တာဟာ အာဏာသိမ်းစစ်တပ် မဟုတ်တာ တစ်ခုခု လုပ်ထားလို့သာ ဖြစ်တယ်လို့ ပြည်သူတွေက မှတ်ချက်ပြုကြပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် အနောက်ဘက် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က အရပ်သား ၇ ဦးကို ဓားစာခံလုပ် ဖမ်းဆီးကာ စစ်ကြောင်းဆက်ထွက်ဖို့ ပြင်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ်အလုံး ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးကာ ကျေးရွာနေ အရပ်သား ၇ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ချောက်မှာ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ

မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့  စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement - RICE  က အသိပေးထုတ်ပြန်ပါတယ်။
Read More

အညာဒေသအခြေစိုက် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်း မီးလောင်ပျက်စီးမှု ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းများ ပျက်စီးဆုံးရှုံးခဲ့

အညာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် တစ်ခုဖြစ်တဲ့ Rocket Fighter တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားကာ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တကသများ-ရန်ကုန်က စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်း

၂ နှစ်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မုန်တိုင်းရဲ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကိုပါ တစ်ပါတည်းခံစားနေရပြီး ကျန်းမာရေးကုသဖို့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ရှိနေတာကြောင့် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအချို့ကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု လေတပ်အရာရှိ ၅ ဦးအပါ ၁၁ ဦး သေပြီး လေတပ်အရာရှိ ၈ ဦးအပါ ၂၀ ဦး ပြင်းထန်ဒဏ်ရာရ၊ လေယာဥ် ၂ စီးနှင့် ဆီဂိုဒေါင်အပါ အဆောက်အဦးအချို့ မီးလောင်ပျက်စီး

ပဲခူတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အရာရှိ ၈ ယောက်အပါအဝင် အယောက် ၂၀ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။