လတ်တလော နိုင်ငံအတော်များများမှာ ပြုလုပ်နေတဲ့ All in One Piece Movement ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးအတွက် တိုကျိုမြို့ စစ်ကော်မရှင်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ကိုထိန်လင်း ကိုယ်တိုင် ဦးဆောင်လှုပ်ရှားတဲ့ All in One Piece Movement ကို အမေရိကန်၊ လန်ဒန်၊ ချက်၊ ဖင်လန်၊ သြစတြေးလျ၊ နယူးဇီလန် စတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ကြသလို မြန်မာပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကလည်း အန္တရာယ်ကြားကနေ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ KoToe/KoMoeHtet)

0 Shares:
You May Also Like
Read More

မြန်မာပြည်သူတွေဟာ ကုလအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးသွားပြီဟု ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို Airbus ဘက်က ရပ်တန့်ဖို့ ဥရောပလေးနိုင်ငံ အစိုးရတွေကို တိုက်တွန်းတောင်းဆို

နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတွေအနေနဲ့  တရုတ်အစိုးရပိုင် Aviation Industry Corporation of China (AVIC) ကုမ္ပဏီကနေ မြန်မာစစ်အုပ်စုကို စစ်လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်းရောင်းချနေမှုကို ရပ်တန့်စေဖို့  ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။