မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုအပါအဝင် အကြမ်းဖက်စစ်တပ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ချက်ချင်းရပ်တန့်စေဖို့နဲ့ အဲဒီကျူးလွန်မှုတွေကို တာဝန်ခံလာစေဖို့တို့အတွက် အရေးယူဆောင်ရွက်ပေးရန်နိုင်ငံတကာအသိုင်းအဝန်းကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) က တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး အဲဒီအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ကေအဲန်ယူက ဆိုပါတယ်။

“ကေအဲန်ယူအနေဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းအား အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်နှင့် ယင်းရာဇဝတ်မှုများအတွက် တာဝန်ခံမှုယူစေရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် တိုက်တွန်းအပ်ပါသည်”လို့ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ချက်မှာ ကေအဲန်ယူက ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှုရရှိစေဖို့နဲ့ အရပ်သားပြည်သူတွေအပေါ် ထိရောက်တဲ့အကာအကွယ်ပေးမှုတွေကို အရေးပေါ်ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ( KNU) အနေနဲ့ အရပ်သားပြည်သူများနဲ့ အကာအကွယ်ထားရမယ့် ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ယင်းလုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီဇင်ဘာလ ၁၀ ရက်ညပိုင်းမှာ မြောက်ဦးဆေးရုံနည်းတူ ကော်သူးလေနယ်မြေထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကို ကြဲချခဲ့လို့ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ်နဲ့ ပြည်သူပိုင်ပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီကျော် မှာ မြောက်ဦးမြို့က အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃၄ ယောက် သေဆုံး ခဲ့ရပြီး ၁၀၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ကာ အများအပြား စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြောက်ဦးဆေးရုံဟာ အာရက္ခတပ်တော် အခြေစိုက်စခန်းဖြစ်လို့ ဗုံးကြဲချတိုက်ခိုက်တာလို့ လိမ်ညာထုတ်ပြန်ခဲ့သလို၊ ဒီဇင်ဘာလ ၁၂ ရက် မနေ့ကလည်း မြောက်ဦးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

စစ်မှုထမ်းတပ်သား (၇) ဦး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား ၇ ယောက် အလင်းဝင် ဘက်ပြောင်း ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်တာတဲ့ စစ်မှုထမ်းတပ်သား ၇ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်က KNLA တပ်ရင်း ၉ ထံကို အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
Read More

ဘူးသိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရ

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးကုန်တယ်လို့ ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောပါတယ်။ 
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့နယ်အနီးက စွယ်တောက်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး၊ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပဲခူးအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များထံ ပျူ ၁ ဦးနှင့် စစ်သား ၂ ဦး အလင်းဝင်လာ

ပဲခူးအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပျူစောထီး ၁ ယောက်နဲ့ စစ်သား ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

PDF သင်တန်းတက်ရောက်သူတွေဆိုပြီး မအူပင်မြို့မှာ စစ်တပ်က ဖမ်းဆီးလိုက်တဲ့ လူငယ် ၉ယောက် ညှင်းပန်းနှိပ်စက်ခံရပြီး ၁ယောက် သေဆုံး

“အခုသေဆုံးသွားတဲ့ကလေးကို မအူပင်မြို့ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံထဲ ပို့ထားပြီး ဆေးရုံကြီးမှာ အကြမ်းဖက်စစ်တပ်က စစ်သားတွေ စောင့်နေတယ်။ ဆေးရုံကို ဘယ်သူမှအလာမခံတော့ဘဲ အကြမ်းဖက်စစ်တပ်က နေရာယူထားတယ်။ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်နေကြတယ်။ ဘယ်လောက်တောင်ညှင်းပမ်းနှိတ်စက်ခံရမလဲမသိဘူး။ မအူပင်မှာ အခုတာဝန်ကျနေတဲ့တပ်က အရမ်းကိုဆိုးနေတယ်”