မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရပါတယ်။
အောက်တိုဘာ ၃ရက်၊ မနေ့ကမနက်ပိုင်းမှာ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလားဆိုသူကို လက်နက်ကိုင်အဖွဲ့ ၁ခုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီး ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာတော့ ဦးကုလားကို ဝင်ရောက်ဖမ်းဆီးရင်း လက်လုပ်သေနတ်၁လက်ကိုပါ သိမ်းဆည်းကာ ဖမ်းဆီးခေါ်ဆောင်ရင်း ရွာအဝင်လမ်းမှာ အလောင်းကိုစွန့်ပစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
​လက်ရှိမှာ မန္တလေးတိုင်းအတွင်းက တံတားဦး၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ ပလိပ် စတဲ့ မြို့တွေမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအတွက် စစ်တပ်နဲ့ပေါင်းပြီး မကြာခဏဆိုသလို ပေါ်တာဆွဲနေတာကြောင့် အရပ်သားလူငယ်တွေ နေ့စဥ်နဲ့အမျှ ဖမ်းဆီးခံနေရတာဟာ ရာနဲ့ချီရှိနေပြီလို့လည်း သိရပါတယ်။
ငါန်းဇွန်မြို့နယ်မှာလည်း အောက်တိုဘာလ ၂ရက်နေ့ ညနေပိုင်းက သရက်ချိုပင် ကျေးရွာအုပ်စု၊ လက်ပံသာ ကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ညီအစ်ကို ၂ယောက်ကို သေနတ်သမားတွေက နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်တာကြောင့် ညီဖြစ်သူမှာ နေရာတင်သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူကတော့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတယ်လို့သိရပါတယ်။
0 Shares:
You May Also Like
Read More

မွန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှု အပြည့်အ၀ မအောင်မြင်ခဲ့

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ အပြည့်အ၀ မအောင်မြင်ခဲ့ဘူးလို့  ရာမညဖက်ဒရယ်အင်အားစုသစ် - NRFF က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း ရဲဘော် ဖေမြင့် ကျဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက တိုက်ပွဲတစ်ခုအတွင်း ကာကွယ်ရေးတပ်သားတစ်ယောက် ကျဆုံးသွားကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖ - ဇုန် ထံက သိရပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

ချင်းတောင်ပိုင်း တိုက်ပွဲတွေအပြီး အကြမ်းဖက်စစ်သားတွေ ယောဒေသထဲ စိမ့်ဝင်လာသလို ဒေသတွင်း စစ်ရေးအရှိန်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်ဆောင်လာ…

မကွေးတိုင်း၊ ယောဒေသမှာ ချင်းပြည်တောင်ပိုင်းတိုက်ပွဲတွေအပြီး စိမ့်ဝင်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပိုမိုလု​ပ်ဆောင်လာကြောင်း ယောအလင်းတန်း အဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထီးထဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့လည်း ပါဝင်ခဲ့ဟု အသိပေး

ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီရဲ့ ထီးထဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။