မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို အောက်တိုဘာ ၃ ရက်က Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံက သိရပါတယ်။

အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ် သစ်ပင်ရှည်ရွာ ဘုန်းကြီး‌ကျောင်းမှာ တပ်စွဲ ထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းက နွားထိုးကြီးမြို့မကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ဘက်ကနေ လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကို ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲ ဘော်တွေ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီမစ်ရှင်ကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနဲ့ နွားထိုးကြီးမြို့နယ်ပကဖတို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တပ်မ ၃၃ စစ်သားများ စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်ခံရ (ရုပ်/သံ)

ရွှေဘိုခရိုင်နဲ့ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကော်မရှင်တပ်သားတွေကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိတ်မြို့က လာတဲ့ စစ်ကောင်စီတပ်ယာဉ် ၄ စီးကို တော်လှန်ရေးတပ်တွေ ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် ၄ စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံက သိရပါတယ်။
Read More

တောင်ငူ မြို့နယ်တွင် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက် ​ဖြတ်ရ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက် ဖြတ်ခဲ့ရတယ်လို့  ကူညီကယ်ဆယ်ခဲ့တဲ့ အဖွဲ့က သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Egale Drone Force အဖွဲ့ထံက သိရပါ တယ်။
Read More

ထော-င်ချောက် ကြီး ‼️‼️

“တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လူထုအားဖြင့် ဆန့်ကျင်ကြ” “ သင့်မဲဖြင့် တရားဝင် လူသ-တ်ခွင့် မပေးနဲ့”
Read More

အနောက်ပိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက်စစ်ကောင်စီတပ်ထံက သိမ်းဆည်းထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ရခိုင်ပြည် အမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် (AA)က ထုတ်ပြန်လိုက်ပါတယ်။