တနင်္သာရီတိုင်း မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေး ရွာအနီး အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၃ စီး ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပေါ်ရှိ အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ သေဆုံးသူတွေကို ၃၀၆ တပ်ထဲ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီတိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ကျွန်းစုမြို့နယ်ပကဖ ၊ တနသ်ာရီမြို့နယ်ပကဖ ၊ Drogon Square ဒရုန်းလက်ရုံးတပ် ၊ KNLA -တပ်ရင်း(၁၁) နဲ့ ဗိုလ်ခရင်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ

0 Shares:
You May Also Like
Read More

မြောင်နဲ့ ရေစကြိုနယ်အစပ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်မှု စစ်သား ၅ ယောက်သေ၊ ၆ ယောက်ဖမ်းဆီးရရှိ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့မှ အင်အား ၁၆၀ ခန့်ဖြင့် မြောင်နဲ့ ရေစကြိုနယ်အစပ် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေပြီး ၆ ယောက်ဖမ်းဆီးရရှိခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။
Read More

လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

''ပျူလက်ပါးစေတွေ စုဆောင်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ မန္တလေးပြည်သူများရဲ့ ရင်ထဲမှာ ဖက်ဆစ် စစ်တပ်နဲ့ စစ်အုပ်စုကို နာကျည်းချက်တွေက ရင်နဲ့အပြည့်ပါ။ ဒါ့အပြင် အခု စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ (တနည်း) လုပ်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင်ကြ၊ ရွံမုန်းကြပါတယ်။ ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ''လို့ ဒေါက်တာ တေဇစန်းက ဆိုပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ Sky Hunter ပရောဂျက်မှာ ပါဝင်ကူညီပေးဖို့ တောင်းဆို (ရုပ်/သံ)

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က  “လင်းယုန်အစာကောက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ ပရောဂျက်ကို စတင်လိုက်ပြီး ဒရုန်းစစ်ဆင်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

The Spark မီးလျှံ သင်္ကြန်သံချပ်အဖွဲ့ လူ့ဘောင်သစ် သင်္ကြန်သံချပ်အဖွဲ့ အတာစိုးမယ့် တမာမိုးသံချပ် (ရုပ်/သံ)

The Spark မီးလျှံ သင်္ကြန်သံချပ်အဖွဲ့ လူ့ဘောင်သစ် သင်္ကြန်သံချပ်အဖွဲ့ အတာစိုးမယ့် တမာမိုးသံချပ် (ရုပ်/သံ)