အဖြေပေါ်ဖို့ ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။

ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ၊ အီးယူ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေအပြင် မြန်မာအတိုက်အခံအင်အားစုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေပါ၀င်လာခြင်း ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ဆွေးနွေးပွဲဟာ လာအိုနိုင်ငံမှာ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမယ့် အာဆီယံညီလာခံမတိုင်ခင် အခုရက်ပိုင်းအတွင်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲရဲ့ရလာဒ်က မြန်မာ့အရေးအတွက် အကောင်းဆုံးတွေဖြစ်လာဖို့ အင်ဒိုနီးရှား အစိုးရအဖွဲ့၀င်တစ်ဦးရဲ့ပြောကြားမှုကို AP သတင်းဌာနကရေးသားဖော်ပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ NUG နဲ့ NUCC ကတော့ အခုဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။

(ဓာတ်ပုံ Reuters)
0 Shares:
You May Also Like
Read More

စစ်ကောင်မရှင်၏ ရွေးကောက်ပွဲ အာဆီယံ အသိအမှတ်မပြုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထပ်မံအတည်ပြု

မြန်မာစစ်တပ်က ဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲတွေကို အာဆီယံအနေနဲ့ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခဲ့တာ မရှိတဲ့အတွက် ရွေးကောက်ပွဲ ရလာဒ်တွေကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထပ်မံပြောဆိုလိုက်ပါတယ်။
Read More

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးမယ်လို့ တောင်ကိုးရီးယားသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးပေးအပ်သွားမယ့် အစီအစဉ်ကို တောင်ကိုးရီးယားသမ္မတ ယွန်ဆော့ယိုလ်က အောက်တိုဘာလ ၁၁ ရက် သောကြာနေ့မှာ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Read More

ထိုင်းမှ မလေးရှားသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို မလေးရှားစစ်တပ်ဖမ်းဆီး

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။
Read More

အီရန်စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ နျူကလီးယား သိပ္ပံပညာရှင်များ သေဆုံးခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုအပြီး အီရန်နှင့်အစ္စရေးတို့ အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက်လာ အမေရိကန်က အီရန်ဒုံးကျည်အချို့ကို ကူပစ်ချပေးခဲ့…

အစ္စရေးကလည်း အီရန်ကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံအများအပြားကြားရတယ်လို့ သတင်းများကဆိုပါတယ်။ အီရန်ခေါင်းဆောင်ပိုင်းတွေ နေထိုင်ရာနေရာနဲ့ နီးတဲ့ မက်ရာဘက်လေဆိပ်ကိုလည်း ဒုံးကျည် နှစ်စင်းထိမှန်ခဲ့ပြီး အဆိုပါလေဆိပ်မှာ တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ထားရှိရာ လေတပ်အခြေစိုက်စခန်းရှိတယ်လို့ သိရပါတယ်။
Read More

မြဝတီအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေ ခြေရာခံနိုင်ထားပြီး အစွမ်းကုန်တိုက်ဖျက်ချေမှုန်းသွားမယ်လို့ တရုတ်အစိုးရ ကြေညာ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းဟာ တရုတ်သရုပ်ဆောင်တွေကို ပစ်မှတ်ထားနေပြီး အဲ့ဒီဂိုဏ်းကို ခြေရာခံနိုင်ပြီလို့ တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ခရိုနီ ဦးဇော်ဇော် ခန့်အပ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA - Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။