ရှေးဟောင်းယဥ်ကျေးမှုဇုန် မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအနေနဲ့ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒါဟာ အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာစေတာဖြစ်ပြီး လူသားချင်းစာနာထောက်ထားရေး အကူအညီ လိုအပ်ချက်တွေ လျင်မြန်စွာ မြင့်တက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

“ကျန်းမာရေးဆိုင်ရာ နေရာတွေဖြစ်တဲ့ ဆေးရုံတွေနဲ့ အရပ်သားတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို လေးစားတန်ဖိုးထားပြီး ကာကွယ်ပေးရမယ်” လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုမှာ လူနာတွေ၊ လူနာစောင့်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် အရပ်သားပြည်သူ ၃၃ယောက် သေဆုံးခဲ့ပြီး ၇၆ ယောက် ဒဏ်ရာရခဲ့ကာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုလုံးကို ထိခိုက်စေတာကြောင့် မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပိုမိုဆိုးဝါးစေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်နဲ့ တုံ့ပြန်ဆောင်ရွက်မှု အစီအစဥ်အတွက် အမေရိကန် ဒေါ်လာ သန်း ၈၉၀ လိုအပ်တယ်လို့ ကုလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လာမယ့်နှစ်မှာ ကလေးငယ် ၅ သန်းအပါအဝင် လူဦးရေ ၁၆ ဒဿမ ၂ သန်း အကူအညီလိုအပ်နေပြီး ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူဦးရေ ၃ ဒဿမ ၆ သန်းခန့် ရွှေ့ပြောင်းခိုလှုံနေရသလို လူပေါင်းများစွာ ထပ်ခါထပ်ခါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

လူ့အခွင့်အရေးကာကွယ်မှု တရားဝင်ယန္တရားအသစ်တစ်ရပ် ဖော်ဆောင်ဖို့ အာဆီယံ ပြင်ဆင်နေ

အရှေ့တောင်အာရှဒေသအတွင်း လူ့အခွင့်အရေးကာကွယ်မှုဆိုင်ရာ ချဉ်းကပ်ပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရများကြား ကော်မရှင် (AICHR) အနေနဲ့ စတင်ဆောင်ရွက်နေကြောင်း Malaysiakini သတင်းက ဇူလိုင်လ ၁၈ ရက်မှာ ဖော်ပြပါတယ်။
Read More

ကားတစ်စီးဖြင့် ထိုင်းနိုင်ငံထဲဝင်ဖို့ ကြိုးစားသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခရိုင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
Read More

လူကုန်ကူးခံရတဲ့ တရုတ်မင်းသား ရွှေကုက္ကိုလ်မှာ ကတုံး တုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရ ဟု ထွက်ဆို

မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့က ငွေလိမ်ဂိုဏ်းကို လူကုန်ကူးခံရပြီး ရောက်သွားတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ဟာ ရွှေကုက္ကိုလ်မြို့မှာ ကတုံးတုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရတယ်လို့ ထွက်ဆိုကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။
Read More

ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရုရှားအလံလွှင့် ရေနံတင်သင်္ဘောတစင်းကို အမေရိကန်ရေတပ် ဝင်ရောက်စီးနင်း

အမေရိကန်ရေတပ်က  ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစင်းကို ဇန်နဝါရီ ၇ ရက်၊ ဒီကနေ့မနက်မှာ ဝင်ရောက်စီးနင်းလိုက်တယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြနေပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။