ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖြိုခွင်းနေမှုအတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ခန့်ကို ထိန်းသိမ်းထားတဲ့ မဲဆောက်မြို့က စခန်းတခုမှာ ဒီဇင်ဘာ ၉ ရက် ညက ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။

အင်္ဂါနေ့ ည ၁၁ နာရီခွဲခန့်က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ ထိုက်စံလော့မှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ရင်း ၃၄၆ က ရဲစခန်းဝင်းထဲမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းမှာ ဆူပူမှု ဖြစ်ပွားခဲ့တာပါ။

ရဲအင်အားဖြည့်တပ်တွေနဲ့ ထိုင်းစစ်သားတွေက အခြေအနေကို ထိန်းချုပ်ဖို့ ရောက်ရှိလာကာ ရေအမြောက် တပ်ဆင်ထားတဲ့ မီးသတ်ကားတစီးကိုသုံးပြီး ဆူပူအကြမ်းဖက်နေသူတွေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အရာရှိတွေက ဆူပူအကြမ်းဖက်သူတွေဟာ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ကြောင်း ပြောဆိုထားပြီး သူတို့ဟာ လုံခြုံရေးကင်မရာတွေ၊ စာရွက်စာတမ်းသေတ္တာတွေနဲ့ ထိုင်ခုံတွေကို ဖျက်ဆီးခဲ့ကြကြောင်း၊ တရုတ်ထိန်းသိမ်းခံရသူတချို့ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာက တယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

တာ့ခ်ခရိုင် မဲဆောက်ခရိုင် ၃၄၆ နယ်ခြား လှည့်ကင်း ရဲတပ်ခွဲ ဝင်းအတွင်း အင်္ဂါနေ့ ညက တရုတ် အကျဉ်းသားများ အဓိကရုဏ်း ဖြစ်ပွားပြီးနောက် အင်အား ဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ Assawin Pinitwong)

အဆိုပါ ထိန်းသိမ်းခံရသူ တရုတ်နိုင်ငံသားတွေက သူတို့ကို တရုတ်နိုင်ငံ ပြန်ပို့ပေးရေး အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုကြတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အာဏာပိုင်တွေအနေနဲ့ အဆိုပါဖြစ်စဉ်အတွင်း ထိန်းသိမ်းခံရသူတွေထဲမှာ လွတ်မြောက်သွားသူ ရှိမရှိကို စာရင်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်းက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ KNU က သိမ်းပိုက်ပြီး ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်နေတဲ့ DKBA ဦးစီးခဲ့တဲ့ ကျားဖြန့်ရုံမှာလည်း ဒီဇင်ဘာလ ၈ ရက်က တရုတ်နိုင်ငံသားတွေ မီးရှို့ဆန္ဒပြခဲ့လို့ တိုက်တန်းလျားတခု မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

မူရင်းသတင်း – Hundreds of Chinese detainees riot in Tak 

0 Shares:
You May Also Like
Read More

ကူမင်းရောက်နေတဲ့ စစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ

ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မြန်မာနဲ့ ရေဘေးဆိုင်ရာ ဆွေးနွေးပွဲလုပ်မယ်လို့ ထိုင်းပြော၊ မယ်ဆိုင်မြစ်ကမ်းဘေး နေထိုင်သူတွေ မြေသိမ်းခံရနိုင်

ထိုင်းနိုင်ငံ၊ ချင်းရိုင်ရဲ့ မယ်ဆိုင်ခရိုင်မှာ ရေကြီးရေလျှံမှု အခြေအနေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မယ်ဆိုင်မြစ်ကြောင်းတလျှောက် တရားမဝင် ကျူးကျော်အိမ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက မြန်မာ(စစ်ကောင်စီ)နဲ့ ဆွေးနွေးသွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုထားပါတယ်။
Read More

မယ်စဲ့ အကျဉ်းထောင်မှ ထောင်ဖောက် ပြေးသည့် အကြမ်းဖက် စစ်တပ် အရာရှိတဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီး ရမိထား

ကရင်နီပြည်၊ မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံးပန်းတွေထဲက စစ်တပ်အရာရှိ တယောက်ကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

ထောင်ချီသည့် အမေရိကန်ပြည်သူများ သမ္မတထရမ့်ကို ထပ်မံဆန္ဒပြ

အမေရိကန်ပြည်ထောင်စုမြို့ပေါင်းများစွာက ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ ၄င်းတို့ရဲ့သမ္မတ ဒေါ်နယ်ထရမ့်ကို အလိုမရှိတော့ကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။