ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ခဲယမ်းနဲ့ ဗုံးသီးဂိုဒေါင်ပေါက်ကွဲပြီး ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ကာ လုံခြုံရေးယူနေသူ ၆ ယောက် ထိခိုက်သေဆုံးခဲ့ကြောင်း BWM တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လေယာဥ်ဆီ သိုလှောင်ကန်တွေရှိရာကို ရည်ရွယ်ပစ်မှတ်ထားတဲ့ တောင်ငူကေတုမတီ လေတပ်ဝန်း တိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM) နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက် ညပိုင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။

BWM နဲ့ အဖွဲ့တွေဟာ လေတပ်ဝန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ်တိုက်ခိုက်ရာမှာ အကုန်လုံးအောင်မြင်ခဲ့ပြီး ပေါင် ၁၅၀၊ ၂၀၀ နဲ့ ၃၀၀ ဗုံးသီးတွေ ထားရှိရာ ဂိုဒေါင်ကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

တောင်ငူလေတပ်ကို တိုက်ခိုက်ခဲ့သည့် ရှော့တိုက်ဒုံးများ (ဓာတ်ပုံ BWM)

ရှော့တိုက်ဒုံးထိမှန်ခဲ့တဲ့နေရာဟာ ဗုံးသီးနဲ့ ခဲယမ်းတွေ ထားရှိရာ ဂိုဒေါင်ဖြစ်တာကြောင့် နာရီဝက်နီးပါးကြာ အနားကပ်မရအောင် ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းမှာလည်း အကင်းမသေသေးဘဲ နောက်ထပ် ပေါက်ကွဲမှုတွေ ၄ ကြိမ်နီးပါးအထိ ရှိခဲ့ကြောင်း၊ ပေါက်ကွဲသံကို တောင်ငူမြို့ နေရာတော်တော်များများကပါ ကြားရကြောင်း BWM ကထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဂိုဒေါင်အနီး လုံခြုံရေးယူနေသူ ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်းနဲ့ လေယာဥ်ကွင်းအတွင်း တခြားထိခိုက်မှုတွေလည်းရှိကြောင်း သိရပါတယ်။

Brave Warriors For Myanmar (BWM) ကတော့ သူတို့အနေနဲ့ ဆီလှောင်ကန်တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပေမယ့် လက်ရှိ လေယာဥ် ဗုံးသီးတွေထားရှိတဲ့နေရာပေါက်ကွဲခဲ့တာကလည်း မရည်ရွယ်ထားတဲ့ အောင်မြင်မှုတစ်ခုလို့ ပြောပါတယ်။

“လေယာဉ်ဗုံးနဲ့ ခဲယမ်းတွေထားတဲ့ ဂိုဒေါင်က အဓိက ပေါက်ကွဲမှု (Primary explosion) ဖြစ်ခဲ့ပါတယ်။ အဲ့ပေါက်ကွဲမှုကနေမှ ဗုံးသီးတွေသူ့ဟာနဲ့သူ လွင့်စင်ကွဲထွက်ပြီး လေယာဉ်ကွင်းထဲက အခြားနေရာတွေပါ ထိတာ။ အကင်းမသေဘဲ ညပါ ထပ်ပြီးပေါက်တယ်။ Secondary Explosions မို့ ထိရောက်မှုရှိတယ်လို့ ခန့်မှန်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် အပြစ်မဲ့ ပြည်သူတွေပေါ် ကြဲတဲ့ လေယာဉ်ဗုံးသီးတွေ အခုလို အများအပြား ပေါက်ကွဲဆုံးရှုံးတာကလည်း မရည်ရွယ်တဲ့အောင်မြင်မှုပါ” လို့ Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တောင်ငူလေတပ်ကို တိုက်ခိုက်ခဲ့သည့် ရှော့တိုက်ဒုံးများ (ဓာတ်ပုံ BWM)

ဒီပေါက်ကွဲမှုကြောင့် စစ်တပ်က လေယာဥ်ဝန်းမိသားစုတွေကို အပြင်ထွက်ခွင့် ပိတ်ပင်ထားပြီး လိုင်းခန်းတွေထဲ ဖုန်းတွေပါ လိုက်စစ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM) နဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Choup People’s  Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့၊ KNLA တပ်မဟာ (၂) တပ်ရင်း ၅ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လေတပ်ကို စစ်အုပ်စုဘက်က အထပ်ထပ်ကာဆီးထားပေမယ့် နယ်မြေခံအဖွဲ့အစည်းတွေရဲ့ ကူညီမှုနဲ့  ၄၇ ကြိမ်မြောက် စစ်ဆင်ရေးအဖြစ် ဒီတိုက်ခိုက်မှုကို ခက်ခက်ခဲခဲ လုပ်ဆောင်နိုင်ခဲ့တာလို့လည်း BWM က ထုတ်ပြန်ထားပါတယ်။

တောင်ငူလေတပ်ကို တိုက်ခိုက်ခဲ့သည့် ရှော့တိုက်ဒုံးများ (ဓာတ်ပုံ BWM)
0 Shares:
You May Also Like
Read More

စလင်းမြို့နယ်တွင် ခရီးသွား ကိုယ်ဝန်ဆောင်အမျိုးသမီးကို စလင်း ပကဖ ဆေးတပ်ဖွဲ့မှ အရေးပေါ် ကလေးမွေးဖွားပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ခရီးသွား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ခရီးသွားနေချိန် လမ်းပိုင်းတစ်နေရာမှာ အရေးပေါ် မွေးဖွားကူညီစောင့်ရှောက်ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲ နောင်ပိန်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးထက် မနည်းသေဆုံး၊ သေဆုံးဦးရေ ထပ်တိုးနိုင်ခြေ ရှိ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိခင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း ယုံစေချင်ရင် သက်သေပြပါ ဟု ကိုထိန်လင်းပြော

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်တပ်က သက်သေတစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဘာမှယုံကြည်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်္ဂလာဒုံက စစ်ကောင်စီ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်တော်မြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အများပြည်သူ အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။