အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော်သူးလေခရိုင်အတွင်း စစ် ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ဖို့ နှစ်ဝက်စာကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေတယ်လို့ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) က ဒီဇင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်တဲ့ “အရှေ့ဘက် နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း” အစီရင်ခံစာမှာ ကော်သူးလေခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေနဲ့ စားနပ်ရိက္ခာလိုအပ်မှု အခြေအနေကို ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

အစီရင်ခံစာရဲ့ ဖော်ပြချက်အရ ကော်သူးလေခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၁ ဒဿမ ၂ သန်း ကျော်အတွက် (၆) လစာ ဆန်ထောက်ပံ့နိုင်ဖို့ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၁၁ သန်း ရှိနေတယ်လို့ သိရပါတယ်။

“ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် ကော်သူးလေခရိုင်အားလုံးရှိ စစ်‌ရှောင်ပြည်သူ များအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီအား အရေးတကြီးတိုးမြှင့်ပေးရန် တောင်းခံနေ ပါသည်။ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၂၀၄၉၃၂ ဦး အတွက် ခြောက်လစာ ဆန်ထောက်ပံ့ပေးရန် ခန့်မှန်းခြေကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်သည်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ကော်သူးလေဒေသမှာ တောတွင်းခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ နယ်စပ်ဖြတ်ကျော် အကူအညီက အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပြီး စစ်ဘေးရှောင်အများစုဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် နေရပ်မပြန်နိုင်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေဟာ အများအားဖြင့် တစ်နေ့ကို တစ်နပ်သာ စားနေရပြီး အငတ်ခံရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော် အကူအညီဟာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် လိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့အတွက် အရေးပါပြီး ကရင်လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ လိုအပ်တဲ့ထောက်ပံ့မှုတွေကို တာဝန်ယူ ဆောင်ရွက်ပေးနေပေမယ့် အမေရိကန်ရဲ့ ရန်ပုံငွေ ဖြတ်တောက်မှုနဲ့ အလှူရှင်တချို့ရဲ့ ကန့်သတ်မှုတွေကြောင့် တချို့ ဒေသတွေမှာ ကူညီပေးနိုင်မှု လျော့ကျသွားတာလည်းရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

“ကရင်လူထု အခြေပြု အဖွဲ့အစည်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ကြားကာလနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ ပေးအပ်နိုင်မှု ပမာဏကို တိုးမြှင့်နိုင်ခဲ့ပြီး ခရိုင်ငါးခုအတွင်း၌ အကျိုးခံစားခွင့်ရှိသူ အရေအတွက် သိသိသာသာတိုးလာခဲ့သည်။ အဓိကအားဖြင့် အမေရိကန်၏ ရန်ပုံငွေ ဖြတ်တောက်မှုများနှင့် အချို့သော အလှူ ရှင်များ၏ ကန့်သတ်ချက်များကြောင့် ခလယ်လွီထူနှင့် ဘလိ-ထားဝယ်ဒေသများတွင်သာ အကူအညီ ဖြန့်ဖြူးမှု လျော့ကျသွားခဲ့သည်” လို့ KPSN ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ကော်သူးလေ နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို ကရင်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာနနဲ့အတူ ကရင်ပြည်အတွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများ အကူအညီပေးရေးကော်မတီ၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူ ပြုကွန်ရက်၊ အခြားသောအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – KPSN
0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

ကျုံဒိုးမှာ စစ်ကောင်စီတပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
Read More

ကန်နီရွာအတွင်း ပိုက်ဆံအစား သူ့တံဆိပ်တုံးပါ စက္ကူကို သုံးခိုင်းသည့် ပျူခေါင်းဆောင် လက်အောက်ငယ်သားတွေကို ရိက္ခာဖြတ်ထား

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ ပိုက်ဆံကို မိတ္ထူဆွဲသုံးခိုင်းတဲ့ ကန်နီရွာ ပျူစောထီးခေါင်းဆောင်ဟာ လက်အောက်ငယ်သားတွေကို ဆန်ပြုတ်တောင် နပ်မှန်အောင်မတိုက်နိုင်တော့ဘဲ ရိက္ခာ ဖြတ်တောက်ထားတယ်လို့ ဒေသတွင်း တော်လှန်ရေးရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြင်းခြံတိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်းမှူးအပါ ၃၀ ကျော် သေဆုံး၊ ၄ ဦး အရှင်ဖမ်းမိ၊ ရိက္ခာကားတစ်စီးနှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဇူလိုင်လ ၃ ရက် မနက် ၇ နာရီကျော်ကနေ ၁၀ နာရီခွဲကျော်တဲ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။