နိုင်ငံရေး၊ စစ်‌ရေးပဋိပက္ခကိုသာ ပိုမိုကြန့်ကြာစေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ချင်းပြည် (Chinland) ကောင်စီ က ပြောပါတယ်။

ချင်းပြည် (Chinland) ကောင်စီ ပထမသက်တမ်း၊ ဒုတိယအကြိမ်ညီလာခံအပြီး ဒီဇင်ဘာလ ၉ ရက် မနေ့က ထုတ်ပြန်ချက်ထဲမှာ အခုလိုထည့်သွင်း ရေးသားခဲ့တာပါ။

“အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံရေးတွင် စစ်တပ်အနေဖြင့် တရားဝင် ရပ်တည်ရေးအတွက်ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကိုသာ ပိုမိုကြန့်ကြာစေမည်ဖြစ်သည်။ ထို့ကြောင့် ချင်းပြည် (Chinland) ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကို ချင်းပြည် (Chinland) ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်သည်” လို့ ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီး အမေရိကန်အစိုးရကနေ မြန်မာပြည်သူတွေထံက ယာယီခိုလှုံခွင့် TPS ပြန်ရုပ်သိမ်းတဲ့အပေါ် စိုးရိမ်မကင်းဖြစ်မိပြီး ဒီဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားသုံးသပ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

(ပုံဟောင်းကို အသုံးပြုထားပါတယ်)

ချင်းပြည် (Chinland) ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ စုစုပေါင်း အချက် ၈ ချက်ပါဝင်ပြီး ကောင်စီဒုတိယသက်တမ်း ကာလအတွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေ ပိုမိုကျစ်လစ်ခိုင်မာရေးနဲ့ ချင်းပြည် (Chinland) အစိုးရအဖွဲ့ အားကောင်းခိုင်မာရေးအတွက် တပ်အင်အား တည်ဆောက်ရေးကို ဆထက်ထမ်းပိုး ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အမေရိကန် အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့တွေရဲ့ ကျား ဖြန့်တိုက်ဖျက်ရေး ဆောင်ရွက်နေမှုအပေါ် ချင်းပြည်(Chinland) ကောင်စီအနေနဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အလားတူ ချင်းပြည် (Chinland) တည်ဆောက်ရေးနဲ့ ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး ညှိ နှိုင်းဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်ဖို့ နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အဝ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ချင်းပြည် (Chinland) ကောင်စီရဲ့ ပထမအကြိမ် ဒုတိယသက်တမ်း ညီလာခံကို ဒီဇင်ဘာလ ၄ ရက်ကနေ ၆ ရက်ထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီး ချင်းပြည် (Chinland) ကောင်စီ အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းပြည်ပ ဧည့်သည် ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဘီးလင်းမြို့နယ် ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ ဦး သေဆုံး၊ ၇ ဦး စိုးရိမ်ရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်

အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ထားဝယ် သွားမယ့် စစ်ကောင်စီမြေတင်ကားတွေ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။
Read More

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပြုလုပ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးရေး အဓိကဆွေးနွေးသွားဖို့ ယူကေက ခေါ်ယူတာဖြစ်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂတို့က ခန့်အပ်ထားတဲ့…
Read More

ကြံခင်းမြို့နယ်ထွေအုပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်သားသစ် မပေးနိုင်ရင် တစ်ယောက်စာအတွက် ၈၅ သိန်း တောင်း

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ရက်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းခိုင်းထားပြီး မစုဆောင်းနိုင်ရင် တပ်သားသစ် တစ်ယောက်စာအတွက် ၈၅ သိန်း သွင်းခိုင်းကာ ဖိအားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။