စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ရာ ၈ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ Ngwe Dwin Revolution Force တပ်ခွဲမှူး ကိုစစ်နိုင်က မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ ၉ရက် ဒီမနက်မှာ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာကနေ ညောင်ဒူးလေးရွာဘက် ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ငွေတွင်းရွာ ပျူစောထီး ၁၂ယောက်ဟာ ငွေတွင်းရွာကနေ ၂မိုင်အကွာမှာရှိတဲ့ ညောင်ဒူးလေးရွာကိုသွားကာ ရိက္ခာသယ် ပြန်ထွက်လာချိန်မှာ တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပြီး လက်နက်ပါသူတွေ လွတ်မြောက်သွားပေမယ့် ကျန်တဲ့ ၈ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကိုစစ်နိုင်က ပြောပါတယ်။

“ညောင်ဒူးကနေ ရိက္ခာသယ်ပြီးအပြန်မှာ ပစ်ဖမ်းခဲ့တာပါ။ လက်နက်ပါတဲ့ ၄ကောင်တော့ လွတ်သွားတယ်။ ကျန်တဲ့ကောင်တွေကတော့ မခုခံလို့ အရှင်ဖမ်းခဲ့ပါတယ်။” လို့ Ngwe Dwin Revolution Force တပ်ခွဲမှူး ကိုစစ်နိုင်က မောင်းကိုပြောပါတယ်။

ပုံစာ – ဖမ်းဆီးရမိသည့် ငွေတွင်းရွာ ပျူစောထီးများအား တော်လှန်ရေးတပ်များနှင့်အတူ တွေ့ရစဥ်

ဒီလုပ်ဆောင်မှုကို မုံရွာခရိုင်အမှတ် ၂၁တပ်ရင်း (တိုက်နယ်၉) Ngwe Dwin Revolution Force ၊ MRTF နဲ့ ရွာခံမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ငွေတွင်းရွာအပါအဝင် အရာတော်မြို့နယ်မှာ ပျူစောထီးအားကောင်းရာ ကျေးရွာ ၃ရွာရှိပြီး အဆိုပါ ပျူတွေဟာ ရွာစဥ်လိုက် မီးရှို့၊ လူသတ်၊ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေကြောင်းနဲ့ အခုဖမ်းဆီးရမိသူတွေထဲငွေတွင်းရွာ ပျူစောထီးခေါင်းဆောင်ဖြစ်သူရဲ့ လက်ရုံးတပည့်လည်း ပါဝင်ကြောင်း သိရပါတယ်။

“ဒီကောင်တွေအပြစ်တွေက သိပ်များတာပေါ့။ အရာတော်မှာ ပျူရွာ ၃ ခုပဲရှိတာ။ တနယ်လုံး ဒုက္ခပတ်ပေးနေတာ။ အခုလည်း ဆန်ဆီနဲ့ အရက်ဖာတွေ မ,လာတာဆိုတော့ တပါတည်း သိမ်းဆည်းရမိခဲ့ပါတယ်။ လူတွေကိုတော့ အရေးယူသွားမှာပါ။” လို့ Ngwe Dwin Revolution Force တပ်ခွဲမှူး ကိုစစ်နိုင်က မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အမ်းမြို့နယ်တစ်ခုလုံးကို AA ကတသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။
Read More

ပေါက်ခေါင်းတွင် မဲရုံလုံခြုံရေး ကင်းပတ်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မဲရုံလုံခြုံရေးအတွက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူ လှည်းပွဲရွာအား မီးရှို့နေသည့် စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဗိုလ်မုန်တိုင်းထံက သိရပါတယ်။
Read More

ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ NUG အစိုးရ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၄ နှစ်အတွင်း နိုင်ငံခြားရေးနည်းလမ်းအရ ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ချင်းနှင့် စစ်ကိုင်း စစ်မျက်နှာများတွင် စစ်တပ်ကို အဆင့်မြင့်နည်းပညာသုံး ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် AIF Myanmar 

အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့တန်းစခန်းနဲ့ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး (AIF Myanmar) က မနေ့က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။