ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုထိခိုက်မှုတွေရှိနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ၉ရက် မနေ့ညပိုင်းမှာ တောင်ငူ ကေတုမတီလေတပ်ဝန်းထဲမှာရှိတဲ့ ဆီလှောင်ကန်တွေရှိရာကို BWM နဲ့ မဟာမိတ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၁၀၇မမ ရှော့တိုက်ဒုံး ၆လုံးပစ်ခတ်တိုက်ခိုက်ရာမှာ ၆ လုံးစလုံး အောင်မြင်ခဲ့ပြီး လေတပ်ဝန်းအတွင်း ထိခိုက်မှုတွေရှိနိုင်ကြောင်းနဲ့ အဓိကပစ်မှတ်ထားတဲ့ ဆီလှောင်ကန်တွေ ထိမထိကိုတော့ စုံစမ်းနေဆဲ ဖြစ်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက ပြောပါတယ်။

“လေတပ်ထဲ ၆ လုံးလုံး ကျပါတယ်။ ဆီကန်တွေထိမထိ ပါမပါကတော့ ထပ်အတည်ပြုနေပါတယ်။”လို့ Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM) နဲ့အတူ Mountain Knight Civilian
Defense Forces (MKCDF) ၊ Anti-Choup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့၊ KNLA တပ်မဟာ (၂) တပ်ရင်း ၅တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လေတပ်ကို စစ်အုပ်စုဘက်က အထပ်ထပ်ကာဆီးထားပေမယ့် နယ်မြေခံအဖွဲ့အစည်းတွေရဲ့ ကူညီမှုနဲ့ ၄၇ကြိမ်မြောက် စစ်ဆင်ရေးအဖြစ် ဒီတိုက်ခိုက်မှုကို ခက်ခက်ခဲခဲလုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း BWM က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်တွေ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲပြီး ထပ်ဆင့် ပေါက်ကွဲသံတွေကို နယ်မြေခံတွေပါကြားရကာ ပေါက်ကွဲချိန်ဟာ အချိန်နာရီဝက်အထိ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ လေတပ်ကို ဖြိုခွင်းရေးဟာ အချိန်ကြာလာတာနဲ့အမျှ နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အထိ အရေးပါလာတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေတပ်ပြိုကျရေးစစ်ဆင်ရေးတွေကို တစိုက်မက်မက် ပူးပေါင်းလုပ်ဆောင်ပေးကြဖို့ BWM က တိုက်တွန်းထားပါတယ်။

ပုံစာ – BWM နှင့်မဟာမိတ်များ ကေတုမတီလေတပ်ဝန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

ကရင်နီမှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေကို အရေးယူမယ်

ကရင်နီပြည်နယ်မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်း ကောက်ယူပေးပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ပါဝင်လုပ်ဆောင်သူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့  ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ (၁) အနေနဲ့ အခြေစိုက်ရာနယ်မြေ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေး ကူညီဆောင်ရွက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့ကို စစ်ကောင်စီတပ် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရပ်သားအစိုးရ စီစဉ်ပေးခဲ့တဲ့ ကိုဗစ်ချေးငွေ အမြန်ဆုံးပြန်ဆပ်ဖို့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖိအားပေး

အရပ်သား အစိုးရလက်ထက်က လုပ်ငန်းရှင်တွေအတွက် ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေထဲက ကျန်ငွေ ကျပ် ၈၂ ဘီလီယံကို မဖြစ်မနေ ပြန်လည်ပေးသွင်းရမယ်လို့  စစ်ကောင်စီက ဖိအားပေးပြောကြားလိုက်ပါတယ်။
Read More

မျိုးဆက်အလိုက် ပုခုံးထမ်း သယ်ဆောင်လာသည့် တော်လှန်ရေး၏ ပန်းတိုင်ကို ယနေ့အချိန် မြင်နေရပြီဟု NUG ယာယီသမ္မတ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့မှာ ကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း တရုတ်ထုတ်လက်နက်များ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်ထုတ် လက်နက်တွေ ပါဝင်နေတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။