စစ်ဆင်ရေးတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှတ် – ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပဲခူးတိုင်းစစ်ဌာနထံ လက်နက်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ စစ်ဆင်ရေးတွေကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ဖို့အတွက် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာ တိုင်းစစ်ဌာနတွေကို လက်နက်တပ်ဆင်ပေးအပ်ခြင်းတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ရေတာရှည်မှာ စစ်ကောင်စီက ကျေးရွာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၄) ယောက် ဒဏ်ရာရ၊ ထန်းတစ်ပင်မှာ စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူ (၁)ယောက်ကို အကြောင်းမဲ့ ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ထန်းတစ်ပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် ဒဏ်ရာရပြီး ထန်းတစ်ပင်မြို့နယ်မှာတော့ စစ်ရှောင်ပြည်သူ ၁ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း သေဆုံး၊ စစ်မှုထမ်းတပ်သားသစ် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနှင့် လက်နက်တချို့ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း Natogyi People Defence Force တာဝန်ရှိသူက ပြောပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်က ဇင်ယော် စစ်ဆင်ရေးကို လုပ်ဆောင်မည်

တရုတ်က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးအဖြစ် မဲ့ခေါင်ဒေသက ၆ နိုင်ငံမှာ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ဇန်နဝါရီလ ၂၁ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါက်တွင် စစ်ကြောင်းက ထွက်ပြေးလာသည့် ပြည်သူ့စစ်တပ်သား ၁ဦး တော်လှန်ရေးတပ်များထံ လက်နက်ဖြင့် အလင်းဝင်ရောက်

"အလင်းဝင်တဲ့သူတော်တော်များများက ပြန်တိုက်မယ်ပြောတယ်။ ကိုယ့်နယ်ခံဆိုရင်တော့ စိတ်ချရရင် ကျနော်တို့နဲ့အတူ ရှေ့တန်းမှာအတူတိုက်ဖို့တာဝန်ပေးတယ်။ နယ်ခံမဟုတ်ရင်ကျ နောက်တန်းမှာပဲ စီမံပေးတယ်။ ဒါကိုကျေနပ်ကြပါတယ်။ ကမ့်တစ်ခုအနေနဲ့ ထားထားပေးတယ်။ နောက်တန်းကနေ လုပ်ပေးဖို့ထားရတာပေါ့" လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။